ခမ်းသားငေါဝ်း

နိုဝင်ဘာ ၂၈၊ ၂၀၂၄

ဖယ်ခုံမြို့နယ်၊ ကုန်းပေါကျေးရွာကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်သောကြောင့် ၁ လသားကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ ကုန်းပေါ ကျေးရွာကို နိုဝင်လာလ ၂၇ ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ၁ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၆ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

”ဖယ်ခုံဖက်ကနေပစ်လာတာ၊ လက်နက်ကြီး ၆ လုံး ၇ လုံးလောက်ရွာထဲကိုပစ်တာ၊ ထိသွားတဲ့ ၆ ယောက်ထဲမှာ တစ်မိစားစုထဲ ၃ ယောက်ပါသွားတယ်၊ ၁ လသားအရွယ်ကလေးရယ်၊ ၂ နှစ်ကျော်အရွယ်ကလေးမရယ် သူ့အမေ ပေါ့လေ” ဟုသတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါ ကုန်းပေါကျေးရွာမှာ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းတွင်တည်ရှိပြီး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ ကာလ ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ဦးသေဆုံးခဲ့သည်။

တိုက်ပွဲတွင်အထိနာနေသော စစ်ကောင်စီသည် ပြည်သူလူသူ များကိုဦးတည်ပြီး တိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေလျက်ရှိသည်။

PPV 003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့နယ်
#ကုန်းပေါကျေးရွာ
#လက်နက်ကြီးပစ်ခတ်သောကြောင့်
#ကလေးငယ်
#သေဆုံး
#ဒဏ်ရာရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed