ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၈၊ ၂၀၂၄
ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ ကုန်းပေါကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးထပ်မံပစ်ခတ်ခဲ့သဖြင့် ဒေသခံအမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းပေါကျေးရွာကို ယနေ့မနက် ၆ နာရီ ခွဲအချိန်ခန့်တွင် ဖယ်ခုံဖက်ရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့ကာ ဒေသခံအမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရသွားသည်။
” ဒီမနက်လည်း သုံးလုံးထပ်ပစ်တယ်၊ ရွာထဲရှိတဲ့စားသောက်ဆိုင်တစ်ခုထဲကျတယ်၊ အဲ့မှာ အမျိုးသမီးနှစ်ဦး ထပ်ပြီးထိခိုက်ဒဏ်ရာရသွားတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ယမနေ့ ညနေခင်းအချိန်တွင်လည်း အဆိုပါကုန်းပေါရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ သဖြင့် ၁ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားချင်းမရှိသည့်ကျေးရွာများကိုလည်း လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း များပြုလုပ်ပြီး ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေလျက်ရှိသည်။
PPV 003
ဓာတ်ပုံ-Crd
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့အရှေ့ဖက်ကမ်း
#ကုန်းပေါကျေးရွာ
#စစ်ကောင်စီလက်နက်ကြီးထပ်မံပစ်ခတ်
#ဒေသခံအမျိုးသမီး
#ထိခိုက်ဒဏ်ရာရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။