ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၇၊ ၂၀၂၄
လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးတိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်း ခလရ ၈၀ တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။
ကရင်နီ(ကယား) ပြည်၊ လွိုင်ကော်မြို့နယ် လင်ဖုံလေး ကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တော်လှန်ရေးတပ်ပေါင်းစုများက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့သည်။
”မနက်ကစပြီး ညနေစောင်းထိ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးနီးပါးသေတယ်၊ လက်နက်တွေလည်းရခဲ့တယ်၊ အရှင်ဖမ်းမိတဲ့လူလည်းရှိတယ်၊ တစ်ယောက်စ နှစ်ယောက်စလောက်ပဲ လွတ်မယ်ထင်တယ်၊ အရေအတွက်အတိအကျတော့ မသိရသေးပါဘူး” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အထိနာနေသောစစ်ကောင်စီသည် ၎င်းတို့၏ ထုံးစံအတိုင်း လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများ၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ၎င်း ကဆက်ပြောသည်။
စစ်ကောင်စီ သည် ပင်လောင်းဖက်မှတစ်ဆင့် ဖယ်ခုံ၊ မိုးဗြဲ မြို့သို့ စစ်အင်အားများထပ်မံဖြည့်တင်းနေလျက်ရှိကြောင်းသိရသည်။
PPV 003
ဓာတ်ပုံ-အွန်လိုင်း
#တိုက်ပွဲ
#လွိုင်ကော်မြို့နယ်
#လင်ဖုံလေးတိုက်ပွဲ
#စစ်ကောင်စီစစ်ကြောင်း
#ခလရ၈၀တပ်ရင်း
#တပ်ရင်းတစ်ခုလုံးနီးပါးသေဆုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။