ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၆၊ ၂၀၂၄

မိုင်းကိုင်မြို့နယ် အတွင်းရှိ SSPP တပ်စခန်း (၂) ခုကို RCSS စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခဲ့၍ SSPP တပ်ဖွဲ့ဝင် (၈) ဦး နှင့် အရပ်သား (၁) ဦး သတ်ဖြတ်သွားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ၊ တုံလောကျေးရွာအုပ်စု ၊ ပန်ပွဲ ကျေးရွာအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းငယ်နှစ်ခုကိုနိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အင်အား (၁၀၀) ဝန်းကျင်ရှိသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS/SSA တပ်ဖွဲ့ဝင်များက စစ်ကြောင်း နှစ်ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်၊၊

SSPP/SSA အဖွဲ့၏ မော်တော်ဆိုင်ကယ် (၄) စီး နှင့် ကား (၁) စီး ကို မီးရှို့ဖျက်ဆီးခဲ့၍ SSPP တပ်သား (၄) ဦးအား RCSS/SSA ကဖမ်းဆီးခေါ်ဆောင်သွားကြောင်းဆိုသည်။

ထို့အပြင် RCSS စစ်ကြောင်း တစ်ကြောင်းသည် ပန်ပွဲကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်သို့ ဝင်ရောက်စီးနင်း၍ ပစ္စည်းများရှာဖွေကာ ကျေးရွာ ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးကန်ခမ်းအား ပစ်ခတ်သတ်ဖြတ်သွားခဲ့ပြီး ပန်ပွဲကျေးရွာ အနီးတွင် SSPP တပ်သား (၄) ဦး နှင့် ဒေသခံ (၁) ဦးအား ထပ်မံ ဖမ်းဆီးခေါ်သွားခဲ့ကြောင်း ဆိုသည်။

ထို့အတူ အဆိုပါ ပန်ပွဲကျေးရွာ အနောက်ဖက်ရှိ ဒေသခံပြည်သူ၏ ကုန်စုံဆိုင်ကို ဝင်ရောက်မွေနောက်ဖျက်ဆီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာပစ္စည်းများ နှင့် ရွေငွေများကိုလည်းယူဆောင်သွားခဲ့ကြောင်း SSPP ကဆိုသည်။

မိမိတို့ ရှမ်းတပ် နှစ်တပ် အပစ်ရပ်ပေါင်းစည်းနိုင်ရန် တွေ့ဆုံညှိနှိုင်းလုပ်ဆောင်နေသည့်ကာလတွင် RCSS တပ်ဖွဲ့မှ မိမိ တပ်စခန်းများ၊ တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများကို တိုက်ခိုက်သတ်ဖြတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း SSPP ကထုတ်ပြန်ထားသည်။
PPV 003
ဓာတ်ပုံ-SSPP
#စစ်ရေး
#မိုင်းကိုင်မြို့နယ်
#တုံလောကျေးရွာအုပ်စု
#ပန်ပွဲကျေးရွာအနီး
#ရှမ်းပြည်တိုးတက်ရေးပါတီ
#SSPP/SSA
#ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ #RCSS/SSA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed