ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၇၊ ၂၀၂၄

တောင်ကြီးမြို့ပေါ်ရှိ နေစားလုပ်ကိုင်သူများနှင့် အခြေခံလစာ ၂ သိန်းအောက် ရှိသူများ အသားနှင့် ကုန်စိမ်းစျေးနှုန်းမြှင့်တက်မှုကြောင့် နေစဉ်စားဝတ်နေရေး ခက်ခဲလာကြောင်း အခြေခံလူတန်းများထံမှ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အသားစျေးနှင့် ကုန်စိမ်း စျေးနှုန်းများ နိုဝင်ဘာလအတွင်း သိသိသာသာ မြှင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေးဖြေရှင်းရန်ခက်ခဲလာနေကြသည်၊၊

“ စိတ်ဓာတ်ကျတာပေါ့၊ ရတာမှာ လခနဲ့ဆိုရင် တစ်လမှ တစ်သိန်း ရှစ်သောင်းလေ အဲ့တော့ တစ်ရက်မှာ ခြောက်ထောင်ပဲရတာကော၊ အဲ့တော့ စျေးသွားသုံးရင် ပိုက်ဆံတစ်သောင်းဆို တစ်ရက်စားပဲရမာလေ၊ ခုဟင်းရွက်ဆို ငါးရာ တန်တောင်မရှိတော့ဘူး အဲ့တောင် ရတာမှ ခြောက်ထောင် ကုန်တာက တစ်သောင်းဆို ဘယ်လောက်တော့မှာလဲ“ဟု အခြေခံလူတန်းစား တစ်ဦးမှပြောသည်။

အသားနှင့် ကုန်စိမ်းစျေးနှုန်း မြင့်တက်သော်လည်း အသားမှာ စျေးကြီးသဖြင့် မဝယ်စားနိုင်ကြောင်းနှင့် ဟင်းသီးဟင်းရွက်ထဲတွင် ရက်ရှည်စားလို့ရသည် ပဲစေ့နှင့် ဂျူးမြစ်များကို ဟင်းရည်အဖြစ် စားလို့ရသည့် အစားများ ကိုသာ ဝယ်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နေ့စားလုပ်ကိုင်သူတစ်ဦးကလည်း “လုပ်အားခကတော့ တစ်နေ့ကို နှစ်သောင်းရတယ် ၊ ရလည်း ခုကုန်စျေးနှုန်းနဲ့ဆို အသားတောင် ကြာကြာမှာ တစ်ခါလောက်ဘဲဝယ်စားနိုင်တော့တယ်၊ အရင်ကဆို တစ်နေ့ကို နှစ်နပ် လောက် စားရသေးတယ်။ ခုကုန်စျေးနှုန်းနဲ့တော့မတက် နိုင်တော့ဘူး။ အလုပ်သွားရင်လည်း ဆီဖိုးကုန်သေး၊ ရတဲ့လုပ်ခနဲ့က အိမ်ဌားခလည်းပေးရတော့ ၊ ဘာမှမကျန်ဘူး”ဟု ပြောသည်။

နေ့စားလုပ်ကိုင်သူများလည်း ကုန်စည်ပစ္စည်းများ စျေးနှုန်းမြင့်တက်မှုကြောင့် ရသည့် လုပ်အားခနဲ့ စားဝတ်နေရေးကို ခက်ခဲစွာဖြေရှင်းနေရကြောင်း၎င်းကဆက်ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ ကုန်စျေးနှုန်းများ မြှင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားအများစုသည် စားဝတ်နေရေးအပြင် တချို့ အိမ်ငှါးခ များလည်း မြှင့်တက်လာမှုကြောင့် စားဝတ်နေရေးအတွက် ကျပ်တည်းမှု ရှိလာကြောင်းသိရသည်။

ယနေ့ နိုဝင်ဘာ ၂၇ ၌ ဝက်သား တစ်ပိဿာ ၄ သောင်းစီပီ ကြက် တစ်ကောင် ၂ သောင်း ၄ ထောင် ဥစားကြက် အမာတစ်ကောင် ၁ သောင်း ၈ ထောင်ဝန်းကျင် ၊ အမဲသား တစ်ပိဿာ ၂ သောင်း ၄ ထောင် နှင့် အားလူး တစ်ပိဿာ ၁ သောင်း ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၉ ထောင် ပန်းမုန်လာ တစ်ပွင့် ၄ ထောင်အထိ စျေးနှုန်းများရှိနေကြောင်း သိရသည်။
PPV0013
#ကုန်ဈေးနုန်း
#တောင်ကြီး
#အခြေခံလူတန်းစား
#ဝက်သား
#စီပီကြက်
#ဥစားကြက်
#အမဲသား
#အားလူး
#ခရမ်းချဉ်သီး
#ပန်းမုန်လာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed