ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၆၊ ၅၀၂၄

တအာင်းဒေသ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါးပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုဝင်ဘာ(၂၆)ရက်တွင် (TNLA) မှ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄)ရက်နေ့ ည (၈)နာရီအချိန်တွင် အင်းဝိုင်းကျေးရွာပေါ် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့်အပြင် လက်နက်ကြီးတိုက်ခိုက်မှု‌ကြောင့် နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ ဒေသခံ(၁၈)ဦး သေဆုံးပြီး (၃၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တအာင်းဒေသ
#နောင်ချိုမြို့နယ်
#အင်းဝိုင်းကျေးရွာ
#လက်နက်ကြီးကြောင့်
#သံဃာတော်
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed