ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၃၊၂၀၂၄

စစ်ကောင်စီကလက်နက်ကြီးနေ့စဥ်ပစ်ခတ်နေ၍မိုးဗြဲ အနီးတစ်ဝှိုက်ရွာပြည်သူများတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီ(ကယား) နယ်စပ် မိုးဗြဲမြို့ အနီးတစ်ဝိုက်ရှိ ပီကင်းကောခူ၊ ဝါရီဆူးပလိုင်၊ ဝါရီကောခူ ကျေးရွာများအတွင်းသို့ နိုဝင်ဘာလ ဒုတိယပါတ်မှစတင်ပြီး စစ်ကောင်စီက လက်နက်ကြီးနေ့စဥ်ပစ်ခတ်နေကြောင်းသိရသည်။

”တစ်ခါတစ်လေဒရုန်းနဲ့ လာကြဲတယ်၊ လက်နက်ကြီးစပစ်ကတည်းကရှောင်သွားတဲ့လူတွေရှိတယ်၊ စပါးရိတ်ဖို့ကျန်တဲ့လူတွေတော့ နေခဲ့သေးတာပေါ့၊ အခုကလည်း စပါးကရိတ်ပြီးသလောက်ဖြစ်နေပြီ၊ မိုးဗြဲအခြေကလည်းသိပ်မကောင်းတော့ အကုန်ရှောင်ရပြီဟု” စစ်ရှောင်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အရေးပေါ်ရွေ့ပြောင်းလာရသောကြောင့် နေရာထိုင် ခင်းများအတွက် အခက်အခဲများ ဖြစ်နေကြောင်းသိရသည်။

”စပါးလေးရိတ်သိမ်းပြီး ရွေ့ပြောင်းလာကြရတာပေါ့လေ၊ ပစ္စည်းများများစားစားလည်း သယ်မလာနိုင်ဘူး၊ အခုတော့ တဲတွေဘာတွေဆောက်ဖို့ အတွက် မိုးကာတွေလိုအပ်တယ်၊ စောင်တွေလည်းလိုနေတယ်” ဟု ၎င်း ကဆက်ပြောသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီက စစ်အင်အားများဖြည့်တင်းနေလျက်ပြီး မိုးဗြဲ အနီးတစ်ဝိုက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ ကျေးရွာများအတွင်းသို့ နေ့စဥ်လက်နက်ကြီးနှင့် ပစ်ခတ်နေလျက်ရှိကြောင်းသိရသည်။

photo Online

#PPV 003
#မိုးဗွဲ
#Humanright
#လက်နက်ကြီး
#စကစ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed