ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၂၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျောင်းပြင်ပရောက် ကလေးငယ်များ ပိုများလာပြီး ၊ အထက်တန်း ပညာရေး တက်ရောက်သူ လျော့နည်းလာကြောင်း ပညာရေး ဝန်ထမ်းများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးကျောင်းများတွင် အငယ်တန်းတက်ရောက်သူများသော်လည်း အကြီးတန်းတက်ရောက်သော ကျောင်း သားကျောင်းသူ လျော့နည်းလာကြောင်း ကျောင်းပညာရေး ဝန်ထမ်းများထံမှ စုံစမ်းသိရသည်။

ထို့ပြင် တောင်ကြီးမြို့ရှိ အထက်တန်းကျောင်းများ တွင် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခြင်း မရှိသော ဆရာ ၊ ဆရာမ များလည်း ရှိနေပြီး ၊ တချို့ ကျောင်းများတွင် ဆရာမ ဦးရေ ၅၀ ဦးကျော် အထိ CDM ပြုလုပ်ခဲ့ခြင်း ရှိကြောင်း စုံစမ်းသိရသည်။

‘ အငယ်တန်းတွေတော့ လာတက်ကြတာများပါတယ်။ အကြီးတန်း တက်သမား နည်းလို့ လူနည်းတယ်။ တက္ကသိုလ်မှာ ဆိုရင် ပိုနည်းသေးတယ်။ တချို့ ကျောင်းတွေမှာတော့ သင်တဲ့ ဆရာ ဆရာမ တွေလည်း လျော့နည်းကြပါတယ်။ အခု ချိန်ထိ ၅၀ ဦးကျော် အလုပ် မဆင်းတဲ့ ကျောင်းတွေလည်း ရှိတယ်။ တချို့ကတော့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် လာကြတာတွေလည်း ရှိပါတယ်။ ’ဟု ပညာရေး ဝန်ထမ်း တစ်ဦးက ပြောသည်။

ကလေးငယ်များ ကျောင်းပြင်ပရောက် ခြင်းနှင့် ပတ်သက်သော စစ်တမ်းတစ်ခုတွင် ခေတ်စနစ် နိုင်ငံရေး အခြေအနေအရများစွာ မူတည်ပါကြောင်း၊ အိမ်ထောင်စုတိုင်း မိသားစု အခြေအနေ များနှင့် စီးပွားရေး အခြေအနေများတို့၏ ရိုက်ခတ်မှုကြောင့် ကျောင်းပြင်ပရောက် ကလေးငယ်များလာခြင်းဖြစ်ကြောင်း ၊ နယ်မြေ တည်ငြိမ်မှု မရှိခြင်း ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရခြင်း တို့ကြောင့်လည်း သက်ဆိုင်ကြောင်း ဖော်ထုတ်ထားသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေ ၊မြို့နယ်များနှင့် ကယားပြည်နယ်ရှိ လွိုင်ကော် အပါအဝင် မြို့များနှင့် ကျေးရွာများတို့တွင် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ကလေးသူငယ် များစွာတို့သည် ပညာရေး အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း မိဘ များက ရင်ဖွင့်ပြောပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး နှင့် လွိုင်ကော်တို့မှ ရွေ့ပြောင်းလာသော နေရပ်စွန့်ခွာ စစ်ဘေးရှောင် များသည် တောင်ကြီးမြို့တွင် ခိုလှုံနေကြရပြီး ၊ ကျောင်း ပညာရေးသင်ကြားရာတွင်လည်း ဘာသာ စကား၊ နယ်မြေဒေသ အပြောင်းအလဲကြောင့် အခက်အခဲများစွာရင်ဆိုင် ကြုံတွေ့ ရခြင်းရှိကြောင်း ပညာရေး ဝန်ထမ်းများ ပြောပြချက် အရ သိရသည်။

photo credit Online

#PPV-006
#ပညာရေး
#Humanright
#ကျောင်းသား
#တောင်ကြီး

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed