The People’s Voice – ခမ်းသားငေါဝ်း
Fact Checking – အချက်အလက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ PDF များမှ အပြစ်မဲ့ပြည်သူ ၂၀၀ ဝန်ကျင်အား ဖမ်းဆီးထားကြောင်း၊ စစ်ကောင်စီနှင့် လက်အောက်ခံ PNO တပ်ဖွဲ့တို့ ပူးပေါင်းကာ သွားရောက်ကယ်တင်ခဲ့ကြောင်းကို နိုဝင်ဘာလ ၁၇ ရက်တွင် တယ်လီဂရမ်ချန်နယ်မှာ ဖြန့်ဝေထားပါသည်။
ထိုသတင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် Khon Sai Oo နာမည်ဖြင့် စစ်ကောင်စီဝါဒဖြန့်အကောင့်မှ ဖြန့်ဝေထား တာဖြစ်ပြီး ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးနေချိန်၌ ကြည်ရှူ့သူ ၄၅၀ ဦး ရှိထားပြီး၊ လိုက်ခ်နှင့် ရီအက်ပြုလုပ်သူ ၁၄ ဦးထိ ရှိထားနေပြီး ဖြစ်ပါသည်။
သတင်းအမှား တယ်လီဂရမ်လင့် – https://archive.ph/LjNVc
ထိုအကြောင်းအရာကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စိစစ်သည့်အခါတွင် ပြည်သူများ အမြင်မှား စေရန် ဖြစ်စဥ်ကို ပြောင်ပြန်ရေးသားကာ လုပ်ကြံရေးသားထားသော ဝါဒဖြန့်သတင်းအမှား ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် ကရင်နီတော်လှန်ရေးတပ်တို့ အပြင်းထန် တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး ထောင်နှင့်ချီသည့်ဒေသခံများ ထွက်ပြေးတိမ်ရှောင်နေရကာ နေရပ်ပြန်လည် ရောက်ရှိနေ သည့် ဒေသခံများလည်း ရှိနေပါသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ပူချယ်ကျေးရွာမှ ကောက်ရိတ်ပြန် လာသော အရပ်သားပြည်သူ (၂၀၀) ဦးကို ပင်လောင်း- ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့မှ မတရားဖမ်းဆီးထားသွားကြောင်းကို KNDF တော်လှန်ရေးတပ်ဖွဲ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
ထုတ်ပြန်ချက် လင့်- https://www.facebook.com/share/p/1VDpmBXsNo/
နိုဝင်ဘာလ ၁၃ ရက်နေ့ DVB သတင်းဌါန၏ ဖော်ပြချက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာက ဒေသခံ ပြည်သူ အယောက် ၂၀၀ ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပေါ်တာဆွဲသွားခဲ့တယ်လို့ ဖမ်းဆီး ခံရသူနဲ့ နီးစပ်သူတွေဆီတဆင့် DVB က ရေးသားထားပါသည်။
သတင်းအပြည့်အစုံလင့် – https://www.dvb.no/post/677530
ယုံကြည်စိတ်ချရသည့် ဗွီအိုအေ သတင်းဌါ၏ ဖော်ပြချက်တွင် “ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြီး ပြန်လာတဲ့ အရပ်သား အယောက် ၂၀၀ ကို စစ်ကောင်စီကဖမ်းဆီးပြီး ပင်လောင်းမြို့နယ်ထဲ ထိန်းသိမ်း ထားတဲ့အထဲမှာ ကျပ်ငွေ သုံးသောင်းပေးကြတဲ့ အယောက် ၆၀ ကျော်ကို ပြန်လွှတ်လိုက်ပြီး ကျန်တဲ့သူတွေကိုထိ န်းသိမ်းထားဆဲ” ကြောင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖော်ပြထားပါသည်။
သတင်းဖတ်ရှူ့ရန် လင့် – https://burmese.voanews.com/a/sac-arrested-200-farmers-in-southern-shan-state/7863445.html
ရှမ်းပြည်နယ် အခြေစိုက်သတင်းမီဒီယာဖြစ်သည့် သျှမ်းသံတော်ဆင့်တွင်မှာလည်း ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက် ရသည့် အပြစ်မဲ့ ဒေသခံပြည်သူ ၂၄၀ ဦးကျော်သည် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် မတရားဖမ်းဆီးကာ ပင်လောင်းမြို့ရှိ မိုးလုံလေလုံအားကစားရုံတွင် ထိန်းသိမ်းထားကြောင်း ဖော်ပြထားပါသည်။ ထို တပတ်ကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် ဒေသခံ ၂၄၀ ဦးကျော်တို့မှာ နေရပ်မပြန်ရသေးကြောင်း အောက်တိုဘာလ ၁၈ ရက်တွင် ဖော်ပြထားပါသည်။
သတင်းအပြည့်စုံ လင့် – https://www.facebook.com/share/p/15Hx5UkrTF/
သုံးသပ်ချက်
ဖယ်ခုံမြို့နယ် ပူးချယ်ကျေးရွာ၏ အပြစ်မဲ့ဒေသခံပြည်သူ ၂၀၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထားတယ် ဆိုသည့် သတင်းမှာ သတင်းမှားသာ ဖြစ်ပါသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဖယ်ခုံမြို့နယ်မှ ပင်လောင်းမြို့အတွင်းသို့ ပြန်ရန်အတွက် ပူချယ်ကျေးရွာဒေသခံများကို လူသားဒိုင်းအနေဖြင့် အသုံးချ ခေါ်ဆောင်သွားကြောင်း ဒေသခံ အသံနှင့် လွတ်လပ်တဲ့ မီဒီယာများက တညီတည်းဖော်ပြနေသည်ကို တွေ့ရှိရပါသည်။
ထိုဖမ်းဆီး ထိန်းသိမ်းခံရသည့် ဒေသခံ ၂၀၀ ကျော်သည် အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၁၀၆ ဦးရှိပြီး၊ ထိုအထဲတွင် သာမာန်တောင်သူ၊သက်ကြီးရွယ်အို၊ လေဖြတ်နေသူ၊ နာတာရှည်ရောဂါသည်၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးသူငယ်များ ပါရှိနေကြောင်း သျှမ်းသံတော်ဆင့်ထံမှ သိရပါသည်။
သတိပြုရန် ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်း အရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှု့ဖို့ အကြံပြုတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါင်း facebook page ၏ မက်ဆေ့ဘောက်သို့ ပေးပိုမေးမြန်းနိုင်ပါသည်။