ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၂၊ ၂၀၂၄

ပင်လောင်းတောင်ဘက် တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများတွင် စစ်ရှောင်ပြည်သူများနေအိမ်ရှိ ပစ္စည်းကို စစ်ကောင်စီတပ်က ခိုးယူနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဘက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသည့် လွယ်ကျိုင်း၊ဟိုဝိုး၊ နမ့်ဖာမူ ကျေးရွာတစ်ကြောတွင်ပြည်သူပိုင်ပစ္စည်းများကို စစ်ကောင်စီကခိုးယူနေကြောင်းသိရသည်။

” ခိုးတာကအရင်ကတည်းခိုးယူနေတာ၊ တိုက်ပွဲဖြစ်နေတော့ ရွာသားတွေက ပြန်လာလို့မရသေးဘူးလေ၊ အဲ့နေရာမှာ အခု စစ်ကောင်စီ၊ PNO ​ပြည်သူ့တွေပဲရှိတာ၊ အရင်ကလည်း စပါးတွေ သူတို့ပဲ အကုန်ရိတ်သွားတာ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေဆိုလည်း သူတို့ယူသွားမှာပဲ ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းတောင်ဘက်တွင် စက်တင်ဘာလ ဒုတိယပါတ်မှ စတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်များ နှင့် စစ်ကောင်စီ၊PNO ပြည်သူ့စစ်တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးကြောင်းသိရသည်။

photo credit online
#PPV 003
#Humanright
#ပင်လောင်း
#ပစ္စည်း ခိုး

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed