ခမ်းသားငေါဝ်း

နိုဝင်ဘာ ၂၀၊ ၂၀၂၄

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းများတွင် ဆောင်ရာသီ ရောက်လာပြီးဖြစ်၍ အိပ်ယာခင်းနှင့် စောင်များလုံလောက်မှုမရှိသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်မြို့နယ်သည် အေးသည့်ဒေသဖြစ်သဖြင့် ပင်လောင်းတောင်ဘက်ဟဲစပ် ၊စမ်းရေကြည်၊ နားမွန်း ကျေးရွာနှင့် နောင်တရားမြို့များရှိ စစ်ဘေးရှောင်သူများ ဆောင်ရာသီအတွင်း စောင်းနှင့် အခင်းလုံလောက်မှုမရှိသောကြောင့် အအေးဒဏ်ခံနေရပြီး အခက်အခဲကြုံနေရသည်၊၊

“ တချို့ အဘိုးအဘွားအတွက်ဆိုစောင်တွေ၊ ဘာတွေလိုအပ်တယ်၊ ဘာလို့ဆို တမှန်တလင်းပေါ် အိပ်နေရတယ်ပေါ့နော် ဘုန်းကြီးကျောင်းအောက်တို့ ခန်းမဆောင်တွေမှာဆို တမှန်တလင်းပေါ်မှာ အိပ်နေရတယ် ဆိုခါကြတော့ တမှန်တလင်းပေါ်ဆိုတာက အကြာကြီးအိပ်လို့ကောင်းတဲ့နေရာမဟုတ်တဲ့အတွက်ကြောင့်မို့ စောင်တွေ၊ အခင်းတွေလိုအပ်နေတယ်ပေါ့နော်”ဟု စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။

စစ်ဘေးရှောင်သူများသည် နေ့စားလုပ်ကိုင်သူများဖြစ်ကြသည့်အတွက် ရသည့် ဝင်ငွေနှင့် ကုန်စည်စျေးနှုန်းကြောင့် တစ်နေ့တာအတွက် လုံလောက်မှုမရှိသည့်အပြင် အလုပ်အကိုင်ရှားပါးမှုနှင့် အလုပ်မရှိကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

စစ်ဘေးရှောင်စခန်းများတွင် အလှုရှင်များ နည်းပါးလာသည့်အတွက် စားနပ်ရိက္ခာလည်း အရေးပေါ်လိုအပ်နေပြီး ခုလက်ရှိတွင် စစ်ဘေးရှောင်သူများသည် ကျေးရွာရှိ ရွာသူရွာသားအကူညီဖြင့်သာ စားနပ်ရိက္ခာကိုဖြေရှင်းနေရကြောင့် သိရသည်။

PPV0013
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်မြို့နယ်
#အေးသည့်ဒေသ
#ဟဲစပ်
#စမ်းရေကြည်
#နားမွန်း
#နောင်တရားမြို့
#ဆောင်ရာသီ
#စောင်းနှင့်အခင်း
#အအေးဒဏ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *