ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၉၊ ၂၀၂၄

ဖယ်ခုံမြို့အနောက်ဘက် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရသွားကြောင်း နိုဝင်ဘာလ(၁၉)ရက်နေ့တွင် မြေပြင်သတင်းရင်းမြစ်ထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် လေယာဥ်နှစ်စီးဖြင့် ပေါင်(၅၀၀)ဗုံး (၄)လုံးလာကြဲချခဲ့ကြောင်း သိရသည်။

“ဗုံးကြဲချမှုမှာ အမျိုးသမီးတစ်ဦးသေသွားတယ်၊ နှစ်ဦးကတော့ဒဏ်ရာရတယ်၊ ထိခိုက်သေဆုံးမှုအခြေနေက နောက်ကျမှသိရတာ အထဲမှာပိတ်မိနေတော့ အလောင်းကမနေ့ညမှတွေ့တာ”ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသူအမျိုးသမီးတစ်ဦးသည် အသက်(၄၅)ဝန်း ကျင်အရွယ်ရှိပြီး ထိခိုက်ဒဏ်ရာရသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ဒဏ်ရာမစိုးရိမ်ရကြောင်းသိရသည်။

ဘန်ကောက်စစ်ရှောင်စခန်းသို့ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအပါအဝင်၊ စပါးသိုလှောင်ရာအဆောက်အဦးနှင့် နေအိမ်(၁၀)လုံးထက်မနဲ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဘန်ကောင်စစ်ရှောင်စခန်းကို စက်တင်ဘာလတွင် ပထမတတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ယခုနိုဝင်ဘာလတွင်နောက်တစ်ကြိမ်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းစစ်ရှောင်စခန်းရှိအသက်(၁၅)နှစ်အောက် ကလေးငယ်အပါအဝင် သေဆုံးသူ(၁၁)ဦးထိရှိခဲ့ကြောင်း သိရသည်။

#PPV007
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့အနောက်ဘက်
#ဘန်ကောက်စစ်ရှောင်စခန်း
#လအိတိုက်နယ်ကျေးရွာ
#လေယာဥ်နှစ်စီးဖြင့်ဗုံးကြဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *