ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၉၊ ၂၀၂၄

ကုန်စည် စီးဆင်းမှု ပြတ်လပ်စေရန် ရှမ်းမြောက်သွားသည့် ဂိတ်များကို စစ်ကောင်စီမှ ပိတ်ပင်သည့်အပြင် ကွင်းလမ်းကိုပါ ပိတ်ဆို့ခြင်းကြောင့် အခက်အခဲကြုံနေရကြောင်း နိုဝင်ဘာ(၁၉)ရက်တွင် စုံစမ်းသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့သွားသည့် မိုင်းရယ် ဟိုယဂိတ်ကို စစ်ကောင်စီမှ ကုန်စည် ဖြတ်သန်းခွင့် ပိတ်ပင်ပြီးနောက် ဖြတ်လမ်း၊ကွင်းလမ်းဖြစ်သည့် မန်ပုံကနေ ဟိုယအကျော် လွယ်ငင်း တို့နား ပေါက်သည့် ကွင်းလမ်းကို စစ်ကောင်စီမှ ပိတ်လိုက်ကြောင်း သိရသည်။

“မိုင်းရယ် ဟိုယ မရောက်ခင် မန်ပုံနား သကြားစက်ရုံဘက် သွားတဲ့လမ်း ဟိုယဂိတ်အကျော် ပြန်ရောက်တာ ကုန်ကားတေ ခုတလော အဲ့နားဖြတ်သွားကြတာ ဖြစ်မယ်။ အဲ့တာကိုစကစက သိတော့ အဲ့နားဂိတ်ချပြီး ပိတ်မယ် ပြောတာကြားတယ်” ဟု မိုင်းရယ် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မိုင်းရယ်လမ်းအဝင်ဂိတ်ကို နိုဝင်ဘာလ (၁၃)ရက်က စတင်ပိတ်ပြီးနောက် လက်ရှိတွင် မိုင်းရယ်မြို့ ဓာတ်ဆီပြတ်လပ်မှု အခက်ခဲကြုံနေကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လားရှိုးမြို့
#မိုင်းရယ်ဟိုယဂိတ်
#ကုန်စည်ဖြတ်သန်းခွင့်
#ပိတ်ပင်
#ဖြတ်လမ်း၊ကွင်းလမ်း
#မန်ပုံ
#ဟိုယအကျော်
#လွယ်ငင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *