ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၉၊ ၂၀၂၄

စစ်ရှောင်စခန်းဗုံးကြဲခံရပြီး စစ်ဘေးရှောင်များနေရာထပ်မံပြောင်း‌ရွေ့နေရသဖြင့် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများအတွက် အရေးပေါ်လိုအပ်နေကြောင်း နိုဝင်ဘာလ(၁၉)ရက်နေ့တွင် စစ်ဘေးရှောင်အ‌ရေးကူညီပေးသူထံမှ သိရသည်။

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်များ နေရာအသစ်သို့ ထပ်မံပြောင်းရွေ့နေရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအတွက်အရေးပေါ်လိုအပ်နေသည်။

“အခုတော့စစ်ရှောင်တွေနေရာထပ်ပြောင်းကြပြီ လောလောဆယ်တော့ နီးစပ်ရာပေါ့ အတည်တကျတော့ မရှိလောက်သေးပါဘူး အခုကနေဖို့ထိုင်ဖို့ တဲလေးတွေ၊ အမိုးအကာလေးတွေ၊ ပြီးတော့ သူတို့(စစ်ကောင်စီ)က ဗုံးလာကြဲတော့ စစ်ရှောင်တွေသိုလှောင်ထားတဲ့ ဆန်တွေ ရိက္ခာခြောက်တွေကအစ အကုန်ပျက်စီးသွားတော့ အဲ့ဒီဟာတွေ အရေးပေါ်လိုအပ်နေတာပေါ့” ဟု စစ်ဘေးရှောင်အရေးကူညီပေးသူ ‌ဒေါ်ဗျားမြာက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုအခါတွင်ဆောင်းရာသီဖြစ်သည့်အတွက်ကြောင့် စစ်ဘေးရှောင်များအတွက် ဆောင်နှင့် အနွေးထည်များသည်လည်း လိုအပ်နေကြောင်း သိရသည်။

“သူတို့(စစ်ကောင်စီ)အခုလိုလုပ်ရပ်အပေါ် ကျွန်မအနေနဲ့တော့ ဘာမှမပြောချင်တော့ပါဘူး သူတို့တို့ရဲလုပ်ရပ်ကအားလုံးအသိပဲဆိုတော့လေ၊ အဲ့ဒီဟာထက် အခုခံနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက်ဘာတွေလိုအပ်နေလည်း စားဖို့သောက်ဖို့ နေထိုင်ဖို့တွေကအစပေါ့ ဘေးကနေတတ်နိုင်သလောက် ကူညီပံပိုးပေးကြဖို့လိုအပ်တယ်ပေါ့”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲစ်ပွားခြင်းမရှိပဲ စစ်ဘေးရှောင်ပြည်သူများရှိရာကို တမင်တကာဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသည့်အတွက်ကြောင့် စစ်ဘေးရှောင်ကဘေးသူငယ်များနှင့် အမျိုးသမီးများက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများစွာ ခံစားနေကြရသဖြင့် ပြန်လည်ကုစားနိုင်ရန်အတွက်လည်း အကူအညီများစွာလိုအပ်နေကြောင်း သိရသည်။

#PPV007
ဓာတ်ပုံ-CJ
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း
#လအိတိုက်နယ်ကျေးရွာအနီး
#ဘန်ကောက်စစ်ဘေးရှောင်စခန်း
#ဗုံးကြဲချတိုက်ခိုက်
#စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်း
#အရေးပေါ်လိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။