ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၇၊ ၂၀၂၄

မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့တွင် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (၁၁း၃၅)အချိန်၌ တစ်ကြိမ်၊ (၁၁း၃၈)အချိန်တွင် တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်ဖြင့် စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၅) လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။

အလားတူ ဒုဌဝတီတံတားနှင့် ကျောက်ဂူလမ်းတွင် ရှိနေသည့် စစ်ကောင်စီတပ်က (၁၂၂ မမ) လက်နက်ကြီး (၂) လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံ (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ရကြောင်းဆိုထားသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

PPV001
ဓာတ်ပုံ-TNLA
#လူ့အခွင့်အရေး
#PSLF/TNLA
#မိုင်းငေါ့မြို့
#မန်လုံရပ်ကွက်
#ဂျက်ဖိုက်တာ
#ဗုံးလာရောက်ကြဲ
#ဒေသခံထိခိုက်ဒဏ်ရာရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *