ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၈၊ ၂၀၂၄

ဖယ်ခုံမြို့အနောက်ဘက် လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းမြေပြင်သတင်းရင်းမြစ်ထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိတိုက်နယ် ကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို နိုဝင် ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌စစ်ကောင်စီက လေယာဥ် (၂) စီးဖြင့် ပေါင် ၅၀၀ ဗုံး (၂) လုံးပေါင် ၃၀၀ ဗုံး ၄ လုံးကြဲချ ခဲ့ကြောင်းမြေပြင်သတင်းရင်းမြစ်က ပြောသည်။

“အမှန်တော့ ရှေ့မှာတိုက်ပွဲပြင်းထန်လို့ နောက်ကိုလာကြဲတာ အာရုံလွဲတဲ့သဘော၊ လူထိခိုက်မှု တော့မရှိဘူး ကလေးတွေတော့လန့်တာပေါ့”ဟု မြေပြင်သတင်းရင်းမြစ်က ခမ်းသားငေါဝ်း ကိုပြောသည်။

လေယာဥ်လာသည်ကို ကြိုပြီးအသံကြား၍ မူလတန်းကျောင်းသူကျောင်းသား အယောက် ၈၀ ကျော် ဗုံးခိုကျင်းတွင် ပုန်းအောင်းဝပ်နေကြသည့်အတွက် အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်းသိရသည်။

“အဲနေရာက အရင်လိုလူသိပ်မများတော့ဘူး မိဘမဲ့ကလေး နဲ့တာဝန်ခံတွေရှိနေသေးတယ်၊ အဆောက်အဦး တွေရှိနေသေးတော့ လာကြဲတာ၊ ဗုံးအားနဲ့ပျက်စီးတာရှိသလို အတိအကျထိပြီးပျက်စီးတာကရစရာမရှိဘူး”ဟု ၎င်းစစ်မြေပြင်သတင်းရင်းမြစ် ကပြောသည်။

ထို လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းအတွင်းရှိ ဘုရားကျောင်းဆောင် ၊ စပါးသိုလှောင်ရာ အဆောက်အဦး အပြင် နေအိမ် (၄) လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်းသတင်းဖော်ပြချက်အရသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့ကလည်း ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီဂျက်​လေယာဥ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့၍ကလေးငယ်အပါအဝင် ၉ ဦးသေဆုံးခဲ့ရသည်။

#ppv002
#Humanright
#ဖယ်ခုံ
#ဗုံးကြဲ
#ဘန်ကောက်စစ်ရှောင်စခန်း

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *