ခမ်းသားငေါဝ်း

နိုဝင်ဘာ ၁၈၊ ၂၀၂၄

ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် မူးယစ်ဆေးသုံးစွဲနေသော လူငယ်များကို SSPP/SSA တပ်ဖွဲ့က ဖမ်းဆီးမှု ရှိနေကြောင်း နိုဝင်ဘာ(၁၈)ရက်နေ့တွင် စုံစမ်းသိရသည်။

ရှမ်းပြည်နယ်‌တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် ညဘက် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးမှု လုပ်နေပြီး ည ၉ နာရီကျော်တွင် လမ်းမထက် သွားလာတာမျိုး မလုပ်ဖို့ SSPP/SSA က ပြောထားကြောင်း သိရသည်။

” ဖမ်းခေါ်ပြီး ဆေးဖြတ်ပေးတာ ပြောတယ်။ ပြန်ကောင်းရင်တော့ သူတို့ တပ်ထဲ စစ်သားလုပ်ခိုင်းတာပြောတယ်။ တချို့က မိဘ ရွာလူကြီးစကားလည်း နားမထောင်ဘူးလေ အဲ့လို လာဖမ်းမှပဲ ကြောက်ကြတာ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ကျေးသီးမြို့နယ် ကျေးရွာများတွင် မူးယစ်ဆေး သုံးစွဲသောသူများကို SSPP/SSA တပ်ဖွဲ့မှ ဖမ်းဆီးခြင်းသည် ယခင်နှစ်ကတည်းက လုပ်ဆောင်နေကြောင်း သိရသည်။

“ကြာပြီရော ဒါပေမဲ့ ခုထိ သုံးစွဲသူက ရှိနေမြဲ ဖမ်းတာလည်း ခုထိဖမ်းနေတာပဲ။ ရောင်းဝယ်တဲ့သူကိုလည်း အပြစ်ဒဏ်ပေးတာမျိုး၊ ရိုက်တာမျိုးတွေ့ရတယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောသည်။

SSPP/SSA သည် “ဝ” တပ်မတော် UWSA ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်း‌ရေး ကော်မတီ (FPNCC)အဖွဲ့ဝင် ဖြစ်သည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကျေးသီးမြို့နယ်
#ကျေးရွာများ
#မူးယစ်ဆေးသုံးစွဲသူများ
#ဖမ်းဆီးမှုလုပ်နေ
#လမ်းမထက်သွားလာတာမျိုး
#SSPP/SSA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed