The People’s Voice – ခမ်းသားငေါဝ်း
Fact Checking – အချက်အလက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းကျေးရွာနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်တို့တွင် KNDF အဖွဲ့မှ လွယ်ကျိုင်းကျေးရွာဒေသခံများက စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကို သတင်းပေးဟုစွပ်စွဲပြီး KNDF မှ လွယ်ကျိုင်းကျေးရွာ၏ နေအိမ်များကို မီးရှိုဖျက်ဆီးသွားခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် လော်ဘီများက ဖြန့်ဝေထားသည်။ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် တန်ဖိုးကြီး ပစ္စည်းများကိုလည်း အတင်းအဓမ္မ ခိုးယူသွားခဲ့ကြောင်းကို ထပ်ဆင့် စွပ်စွဲရေးသားထားပါသည်။
ထိုသတင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် Mawshan Myay Media တယ်လီဂရမ် မီဒီယာ အယောင် ဆောင်ထားသည့် စစ်ကောင်စီဝါဒဖြန့်အကောင့်မှ ဖြန့်ဝေထားတာဖြစ်ပြီး ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးနေ ချိန်၌ ကြည်ရှူ့သူ 1.5k ကျော် ရှိထားပြီး၊ လိုက်ခ်နှင့် ရီအက်ပြုလုပ်သူ ၂၀ ဦးထိ ရှိထားနေပြီး ဖြစ်ပါသည်။
သတင်းအမှား တယ်လီဂရမ်လင့် – https://archive.ph/9yAvg
ထိုအကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စိစစ်သည့်အခါတွင် ဖြစ်စဥ်အမှန်ကို အသုံးချ၍ ကျုးလွန်သူကို ကာကွယ်ပြောဆိုပေးထားပြီး ပြည်သူများအမြင်မှားအောင် လုပ်ကြံရေးသားထားသော ဝါဒဖြန့်သတင်းအချက်အလက်အမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
လက်ရှိ စစ်ကောင်စီနှင့်လက်အောက်ခံ PNO နှင့် ကရင်နီတော်လှန်ရေးတပ်တို့ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့အကြားရှိ ကျေးရွာတို့တွင် အပြင်းထန်တိုက်ပွဲဖြစ်ပွားနေပြီး ထောင်နှင့်ချီသည့်ဒေသခံများ ထွက်ပြေးတိမ်ရှောင်နေရပါသည်။
ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပင်လောင်းနှင့် ဖယ်ခုံမြို့ ကြားရှိ၊ နမ့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာများနှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအား ဖောက်ထွင်း လုရက်ခြင်း၊ မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်းကို KNDF မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို ဖတ်ရှူ့နိုင်ပါသည်။
ထုတ်ပြန်ချက် လင့်- https://www.facebook.com/share/p/1VDpmBXsNo/
ယုံကြည်စိတ်ချရတဲ့ Myanmar Now သတင်းဌါနတွင်လည်း ပူချယ်ရွာမှ ဒေသခံ ၂၀၀ ကို စစ်ကောင်စီတပ်က ၎င်းတို့ ထိန်းချုပ်ထားသည့်ပင်လောင်းမြို့ပေါ်ရှိ အားကစားရုံတွင် ဖမ်းဆီးထားသည်အကြောင်းကို ရေးသားထားသော သတင်း၌ PNO နှင့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်း ဖြတ်သန်းရာ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ကြားက ရွာများဖြစ်သော နန့်ဖာမူ ၊ ပင်စုံ ၊ လွိုင်ကြိုင်း ၊ ကုန်းပေါ နှင့် ဗန်းမောက် စသည့် ကျေးရွာများမှ နေအိမ်များ မီးရှို့ခံထားရကြောင်းကိုလည်းပူးတွဲ ရေးသားဖော်ပြထားပါသည်။
သတင်းလင့် – https://myanmar-now.org/mm/news/59188/
စစ်ကောင်စီနှင့်လက်အောက်ခံ PNO နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ တောက်လျောက်တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်နေ့ကတည်းက ဒေသခံတစ်ဦးမှ စစ်ကောင်စီနှင့် PNO နမ့်ဖာမူအောက်က ဟိုဝိုး၊ လွယ်ကျိုင်းရွာများကိုဝင်ရောက်ပြီး အိမ်များကို မီးရှို့ခြင်း အိမ်တွင်းရှိ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခြင်းများ ပြုလုပ်နေကြောင်းနှင့် ရွာခံများက ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စပါးပြန်ရိတ်သိမ်းရန် မလွယ်ကူကြောင်းကိုပါ ပြောကြားထားပါသည်။
မူရင်းလင့် – https://archive.ph/K00Bu
ဆက်စပ်ပြီး ဒေသခံပြည်သူ၏ပြောဆိုမူတွင် “လွယ်ကျိုင်းရွာ တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံရတယ် ကားတွေလည်း အခိုးခံလိုက်ရတယ် ကားက ပြန်ပေးမယ် ပြောပြီး နောက်နေ့သွားယူတော့ မရှိတော့ဘူးတဲ့ တောင်ပြောလိုက် မြောက်ပြောလိုက်လုပ်ကြတယ်” လို့ နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပြောကြားထားပါသည်။
သုံးသပ်ချက်
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာရှိ နေအိမ်များ အားလုံးနီးပါး မီးရှို့ဖျက်ဆီး ခံလိုက်ရ သည်မှာ သတင်းမှန်ဖြစ်ပါသည်။ သို့သော် KNDF အဖွဲ့မှ စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲကာ မီးရှို့သည်မှာ အချက်အ လက်မှားယွင်းနေပါသည်။
သတင်းအမှားဖြန့်ဝေသူ လော်ဘီများနှင့် မီဒီယာ အယောင်ဆောင်ထားသည့် ဝါဒဖြန့်ဝေသူတို့က စစ်ကောင်စီ၏ ရာဇဝတ်မူများကို ဖုံးကွယ်ရန်နှင့် နယ်စပ်ဒေသရှိ ပအိုဝ်းနှင့် ကရင်နီတို့အကြား လူမျိုးရေး ပဠိပက္ခများ ဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသားထားသော သတင်းအမှားဖြစ်ပါသည်။
စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မူအပြီးတွင်သော်လည်းကောင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးရာတွင် လည်းကောင်း အပြစ်မဲ့ ဒေသခံပြည်သူများကို သတ်ဖြတ်မူများတွင်လည်ကောင်း စစ်ကောင်စီကို အားပေးအားမြော က်ပြုနေသူများနှင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်း အခိုင်းအစေလော်ဘီများက သူတို့၏အင်တာနက်စာ မျက်နှာပေါ်နှင့် သူတို့လွမ်းမိုးရာ ဒေသတို့တွင် ဝါဒဖြန့်လိမ်လည်မူများ ဖန်တီးပြုလုပ်ထားသည့် သတင်းအမှားများစွာကို အချက်အလက်စစ်ဆေးသည့် အဖွဲ့များမှ စိစစ်ထားမူများကို အောက်ဖော်ပြပါ လင့်တို့တွင် ဝင်ရောက်ဖတ် ရှူ့နိုင်ပါ သည်။
နေအိမ်မီးရှို့မူ လင့် – https://www.facebook.com/share/v/17tRBKkszo/
အပြစ်မဲ့ ပြည်သူများ သတ်ဖြတ်ခံရမူ လင့်-https://www.facebook.com/share/v/1D3pG7nkgT/
ဘာသာရေး ပဠိပက္ခဖန်တီးမူ လင့်- https://www.facebook.com/share/p/147FEGoLPK/
သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှု့ဖို့ အကြံပြုတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါင်း facebook page ၏ မက်ဆေ့ဘောက်သို့ ပေးပိုမေးမြန်းနိုင်ပါသည်။