ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၆၊ ၂၀၂၄
ရွာငံမြို့အထွက်ရှိ စစ်ဆေးရေးဂိတ်ကို တော်လှန် ရေးတပ်ဖွဲ့များ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၅ ဦးသေဆုံးခဲ့ကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့ အထွက်ရှိ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေခင်းအချိန်က တော်လှန်ရေးတပ်ဖွဲ့များ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” ရွာငံမှာလည်း တန်ဆောင်တိုင်ရှိတယ်၊ တချို့ကလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲကိုလာတာပေါ့၊ သွားသွားလာလာနဲ့ အရမ်းရှုပ်နေတုန်း အလစ်ငိုက်ဝင်တိုက်ခံရတာ၊ အပြန်အလှန်ပစ်ခတ်မှု ခဏ ဖြစ်သွားတယ်၊ အဲ့မှာ ရဲ ၅ ဦးသေသွားတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အဆိုပါတိုက်ခိုက်ခံရမှုအပြီးတွင် စစ်ဆေးမှုပိုမိုတင်းကျပ်ထားပြီး အဆိုပါဂိတ်ကိုဒေသခံအချို့ဖြတ်သန်းသွားလာခြင်းမပြုလုပ်တော့ကြောင်းသိရသည်။
” သူတို့ခံလိုက်ရတော့ ပြည်သူဖက်ကို ဖိလာတာ ၊ အစစ်အဆေးတွေအရမ်းကြမ်းနေတယ်၊ တချို့ဆို အဲ့ဂိတ်ကိုတောင် ဖြတ်မသွားရဲတော့ဘူး၊ ပြည်သူတွေလည်းအသွားအလာပိုဂရုစိုက်ဖို့လိုတယ်” ဟု ၎င်း ကဆက်ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် အာဏာစသိမ်းပြီးကတည်းက ချထားပြီး ယခင်ကလည်း ဖြတ်သန်းသွားလာနေသည့်ပြည်သူများအား ဖမ်းဆီးငွေညှစ်ခြင်းများမကြာခဏ ပြုလုပ်နေကြောင်းသိရသည်။
#PPV003
#ဂိတ်တိုက်ခိုက်ခံရ
#ရွာငံ
#ထိတွေ့တိုက်ခိုက်
#ရှမ်းတောင်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။