ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၆၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ အောင်သ ပြေတွင် ရပ်ထားသော တွဲကားကို တန်ဆောင် တိုင် ပွဲမျပြန်လာသည့် ကဲန်တာ ကားဝင်တိုက်မိသဖြင့် ၃ ဦး သေဆုံးခဲ့ကြောင်း လူမှု ကူညီရေး အသင်းများ ထံမှ သိရသည်။

ဖြစ်စဉ်မှာ အောင်သပြေ ၂၂၂ တပ် အပေါ်ဘက် အလယ်ဂိတ် အနီးတွင် နိုဝင်ဘာလ ၁၆ ရက် မနက် ၃ နာရီအချိန်ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိ သူများကို လူမှုကူညီရေးအသင်းများက ချက်ချင်း ဆေးရုံတင်ပို့ပေးခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ ပို့ပြီး ပြန်ဆင်းတဲ့ အချိန်ထိတော့ ၃ ဦးဆုံး၊ ၇ ဦး လူနာပေါ့ ကောင်မလေး တစ်ယောက် ဘာမှ မဖြစ်ဘူး။ ၄ ယောက် က အခြေအနေ မကောင်းဘူး၊ ခြေကျိုးပေါင်ကျိုးတွေကလဲ ၃ ယောက် လောက် ပါသေးတယ်။ အားလုံး ၁၂ ယောက် ၁၃ ယောက်လောက် ပါတယ်။” ဟု လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦး ကပြော သည်။

ထိုကားသည် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲလည်မှ ပြန်လာသော ပင်ဖြစ် ကျေးရွာမော်တော် ကား ဖြစ်ပြီး အောင်သပြေတွင် ရပ်ထားသော တွဲကားကို အနောက်မှ ဝင်တိုက်မိသဖြင့် ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို ကားပေါ်တွင် ၁၂ ယောက်မှ ၁၃ ယောက်ခန့် ပါဝင်နိုင်ပြီ ၃ ယောက်သေဆုံးကာ အမျိုးသမီး တစ်ဦးသာ လွတ်ပြီး ကျန်လူများထိခိုက်ဒဏ်ရာများ ရ ရှိခဲ့ကြောင်း ရွှေညောင်မြို့ မြို့မ ၂ ရှင်မှု ကူညီရေး ထံမှ သိရသည်။

အခင်း ဖြစ်စဉ်တွင် ထိခိုက် ဒဏ်ရာရရှိသော လူနာ များကို တောင်ကြီး စဝ်စံထွန်း ဆေးရုံသို့ ကူညီ ပို့ဆောင် ပေးခဲ့ကြောင်း ရွှေညောင်မြို့ မြို့မ ၂ ရှင်မှု ကူညီရေး အသင်းထံမှ သိရသည်။

photo ရွှေညောင်မြို့ မြို့မ ၂ ရှင်မှု ကူညီရေး

#PPV-006
#မှုခင်း
#အောင်သပြေ
#ယာဥ်တိုက်မှု
#တောင်ကြီး
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *