ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၆၊ ၂၀၂၄
ညောင်ရွေမြို့နယ်၊ အင်းလေးဒေသရှိ Inle Princess Resort ဟိုတယ်ကို နိုဝင်ဘာ ၁၅ ရက်တန်ဆောင် မုန်းလပြည့် ညက မီးလောင်ပျက်စီးသွားကြောင်းဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ အင်းလေးဒေသ၊ မန်ကျီးစင်ကျေးရွာရှိ Inle Princess Resort ဟိုတယ်သည် နိုင်ဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီအချိန်တွင်မီးလောင်ပျက်စီးသွားသည်။
” တချို့ကျ မီးပုံးပျံ ပျက်ကျသွားတယ်လို့ပြောပေမယ့် အကြောင်းအရင်းအတိအကျကို မသိသေးပါဘူး၊ မီးတော့ အကြီးအကျယ်လောင်သွားတာ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များလာရောက် မီးငြိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဟိုတယ်ပင်မအဆောင်မီးလောင်ပြာကျသွားပြီး ဟိုတယ်တောင်ဘက်ခြမ်းရှိ တည်းခိုဆောင် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။
အဆိုပါဟိုတယ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )အစိုးရ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်မိသားစု ပိုင်ဆိုင်ကြောင်းသိရသည်။
#PPV 003
#မီးလောင်မှု
#Inleprincessresort
#ညောင်ရွှေမြို့
#အင်းလေး
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။