ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၅၊ ၂၀၂၄

ရှမ်းမြောက်သွားသည့်ဂိတ်များ ပိတ်ထားပြီးနောက် မိုင်းရယ်မြို့တွင်း ဓာတ်ဆီများ ဝယ်မရဖြစ်နေကြောင်း ‌နိုဝင်ဘာ(၁၅)ရက် ယနေ့တွင် စုံစမ်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းသွားသည့် ရပ်စောက် ဗထူးဂိတ်နှင့် မိုင်းရယ် ဟိုယ၊မန်ပုံရှိ စစ်တပ်ဂိတ်များ ပိတ်ထားသောကြောင့် ရှမ်းမြောက် မိုင်းရယ်မြို့တွင် နိုဝင်ဘာ(၁၃)ရက်ကစပြီး ဓာတ်ဆီ ဝယ်မရတော့ကြောင်း ဒေသခံထံမှ သိရသည်။

” ဓာတ်ဆီက တကယ်ပြတ်သွားတာလား ဒါမှမဟုတ် ဈေးပိုရောင်းချင်လို့ မရောင်းပေးတာလားတော့ မသိဘူး။ မရှိတော့ဘူးဘဲ ပြောတယ်။ ဝယ်မရတော့ဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

မိုင်းရယ်မြို့တွင် ယခင်ဂိတ်များ မပိတ်ခင်က ဓာတ်ဆီ တစ်လီတာ (၆၀၀၀)‌ ကျော်ရှိကြောင်း သိရသည်။

ဂိတ်များပိတ်လိုက်ခြင်းကြောင့် ရှမ်းမြောက်ရှိ တခြား ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာသည် သာမက တိုက်ပွဲများပြန်လည် ဖြစ်မည်ကိုလည်း ဒေသခံများ စိုးရိမ်းနေကြောင်း သိရသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက” ပြောနေကြတာကတော့ ရှမ်းမြောက်ဂိတ်များ ပိတ်ဆို့လိုက်ခြင်းကြောင့် တိုက်ပွဲပြန်ဖြစ်ဖို့များတယ်ပေါ့နော်။ အဲ့တာကြောင့် တချို့‌တောင်သူက လယ်စပါး ရိတ်ချိန်မတန်သေးပေမယ့် ‌ရိတ်သိမ်းနေကြတာရှိတယ်။ စစ်ပြန်ဖြစ်မှာစိုးရိမ်တယ်လေ” ဟု ပြောသည်။

မိုင်းရယ် လားရှိုးသွားသည့် ဟိုယဂိတ်ကို နိုဝင်ဘာ (၁၃)ရက်က စစ်ကောင်စီဘက်မှ ပိတ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည် နိုဝင်ဘာ (၁၂)ရက်ကလည်း ရှမ်းတောင်မှ ရှမ်းမြောက်သွားသည့် ရပ်စောက် ကျောက်ဂူလမ်း ရပ်စောက်မြို့အထွက်ရှိ စစ်ကောင်စီတပ်ရှိ ဗထူးဂိတ်ကို ရက်အကန့်အသန့်မရှိ ပိတ်လိုက်ကြောင်း သိရသည်။

photo Online

#PPV0011
#Humanright
#ဂိတ်ပိတ်
#မိုင်းရယ်
#ကုန်စျေးမြင့်တက်
#ရှမ်းမြောက်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။