ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၅၊၂၀၂၄

စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းဖြင့် ပေါင် (၃၀၀) ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရကြောင်း နိုဝင်ဘာ (၁၄)ရက်က (TNLA) ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့ ည‌နေ (၆)နာရီကျော် အချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တရားရုံးနှင့် ရဲစခန်းအနောက်တွင် ပေါင်(၃၀၀)ဗုံး (၂)လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးနှင့် နေအိမ် (၃)လုံးအပြင် အိမ်စီးကားများလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့မစျေးရပ်ကွက်ရှိ ခရီးသည် စည်ကားနေသည့် လန်းဆန်း လက်ဖက် ရည်ဆိုင်တွင် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံနှင့် ခရီးသွားပြည်သူ (၁၁)ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။

ထိုနေရာတွင် ဗုံးကြောင့် နေအိမ်(၁၄)လုံး၊ စျေးဆိုင်ခန်း(၁၃)ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနှင့် ခရီးသည်ယာဥ်အပါအဝင် စုစုပေါင်းကား (၇)စီး မီးလောင် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

#PPV0011
#Humanright
#ဗုံးကြဲတိုက်ခိုက်
#whathappeninmyanmar
#နောင်ချို

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။