ခမ်းသားငေါဝ်း

နိုဝင်ဘာ ၁၃၊ ၂၀၂၄

ရှမ်းတောင်မှရှမ်းမြောက်သို့ သွားသည့်လမ်း ရပ်စောက်ဗထူးဂိတ်ကို စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း နိုဝင်ဘာ(၁၃)ရက်တွင် ကုန်ကားမောင်းသူထံက သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းမှ မြောက်ပိုင်းသို့ ဖြတ်သန်းသွားလာသည့် ရပ်စောက် ဗထူးဂိတ်ကို နိုင်ဝင်ဘာ(၁၂)ရက် မနက်ပိုင်းကစပြီး ရှမ်းမြောက်မှ ရှမ်းတောင်သို့လာသည့် ကားသာ ဖြတ်သန်းခွင့်ရပြီး ရှမ်းမြောက်သို့ အသွားကားကို ဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း ထိုအတွက် ရှမ်းမြောက်ဒေသခံများ ကုန်ဈေးနှုန်း ပိုမြင့်တက်လာမည်ကို စိုးရိမ်နေသည်။

“ရှမ်းမြောက်ကိုသွားတဲ့ကားက အခုလမ်းကဖြတ်တာပိုများတယ်။ အခုပိတ်လိုက်ပြီဆိုတော့ အစကတးည်းက ခက်ခဲနေတဲ့ ငါတို့တော့ ကုန်ဈေးနှုန်းတွေက ထပ်မြင့်လာတော့မှာကို တအားစိတ်ပူတယ်” ဟုရှမ်းမြောက် ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ယခုပိတ်လိုက်‌သည့် လမ်းကို ယခင်ကတည်းက SSPP တပ်၊ စစ်တပ်တို့ ကားလမ်းတလျှောက် ဂိတ်တွင်စောင့်ပြီး ခရီးသည်ကား၊ ကုန်ကားများ ဂိတ်ကြေးပေးဆောင်ရပြီး ယခုချိန်မှာ မည်သည့် အတွက်‌ကြောင့် ပိတ်သည်ကို မသိရသေးကြောင်း ကားဆရာတစ်ဦးက ပြောသည်။

” မနေ့က ငါတို့ရှမ်းမြောက် ကုန်ပစ္စည်းသယ်ဖို့ သွားတာ မသိတော့ ပြန်လှည့်လာပြီး တခြားလမ်းကနေပြန်သွားရတယ်။ ရှမ်းမြောက် အတက်ကားကို လုံးဝခွင့်မပြုဘူး ပြောတယ်။ ဒီတိုင်းကြာရင်တော့ ခရီးသည်၊ ပြည်သူတွေ ပိုဒုက္ခရောက်တာပေါ့ဗျာ” ဟု ၎င်းကားဆရာက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ရှမ်းမြောက် မူဆယ်မှ ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ပိတ်လိုက်သကဲ့သို့ မူဆယ် မန့်ဝိန်းဂိတ်ကို စစ်ကောင်စီက ပိတ်လိုက်သောကြောင့် ဒေသခံများ ကုန်ဈေးနှုန်းမြင့်တက်မှုကို ရင်ဆိုင်နေရကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရပ်စောက်
#ဗထူးဂိတ်
#ရက်အကန့်အသတ်မရှိပိတ်လိုက်
#ရှမ်းပြည်နယ်တောင်မှရှမ်းမြောက်
#ကုန်ဈေးနုန်း

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *