ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၄၊ ၂၀၂၄
ဖယ်ခုံမြို့၊ ပူချယ်ကျေးရွာတွင် ရွာသားနှင့် စစ်ဘေးရှောင် ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းရှေ့တန်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာတွင် စိုက်ထားသောစပါးများရိတ်သိမ်းရန် အလုပ်ဆင်းနေကြသော ကသဲ၊ ဗန်းမောက်၊ မိုင်းဖြတ်ဘက်က ရွာသားနှင့်စစ်ရှောင် ၂၀၀ ကျော်ကို စစ်ကောင်စီက နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် ပင်လောင်းဖက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။
”ဒီ ကသဲ၊ ဗန်းမောက်၊ မိုင်းဖြတ် ဖက်က ရွာသားတွေနဲ့ စစ်ဘေးရှောင်တွေက သူတို့ရဲ့ စပါးခင်းက ရိတ်လို့ရပြီဆိုပြီး အလုပ်ဆင်းကြတာ၊ အဲ့အချိန်မှာဖမ်းသွားတာဖြစ်တယ်” လို့ ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
အဆိုပါဖမ်းဆီးခံရသူများထဲတွင် သက်ကြီးပိုင်း နှင့် အမျိုးသမီးများပါဝင်နေပြီး ရပ်ရွာလုံခြုံရေးနှင့် စစ်မှုထမ်းခိုင်းဖို့ စစ်သင်တန်းပေးမည်ဖြစ်ကြောင်းသိရသည်။
” အဖမ်းခံရတဲ့ထဲမှာ အသက် ၄၀၊ ၅၀ အရွယ်ပါတယ်၊ အမျိုးသမီးတွေလည်းအများကြီးပါတယ်၊ သူတို့ကိုပင်လောင်းဖက်ခေါ်သွားပြီး စစ်မှုထမ်းဖို့ရယ်၊ ရပ်ရွာလုံခြုံရေးအတွက်ရယ်ဆိုပြီး၊ စစ်သင်တန်းပေးမယ်လို့သိရတယ်” ဟု ၎င်း ကဆက်ပြောသည်။
အဖမ်းခံရသူများ၏ မိသားစုများ လိုက်လံစုံစမ်းဆက်သွယ်နေသော်လည်း တစ်ယောက်မှ အဆက်အသွယ်မရသေးကြောင်း၊ ကျန်ရှိသောရွာသားများမှာ ကြောက်လန့်ပြီး တိမ်းရှောင်နေရကြောင်းသိရသည်။
ထို့အပြင် ပင်စုံ၊ နမ့်ဖာမူ၊ လွယ်ကျိုင်း ရွာရှိ ရွာသူကြီးများကိုလည်း စစ်ကောင်စီက စစ်မှုထမ်းဖို့လူလွတ်ပေးရန်ဖိအားပေးနေပြီး လူမလွတ်ပေးပါက ရွာထဲလက်နက်ကြီး နှင့် ပစ်မည်ဟုခြိမ်းခြောက်မှုများပြုလုပ်နေကြောင်းသိရသည်။
PPV 003
ဓာတ်ပုံ-ပုံဟောင်း(ပူချယ်ရွာသားများဖမ်းဆီးခံရစဥ်)
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့
#ပူချယ်ကျေးရွာ
#ရွာသားနှင့်စစ်ဘေးရှောင်ကိုစစ်ကောင်စီးဖမ်းဆီး
#ပင်စုံ
#နမျ့ဖာမူ
#လွယ်ကျိုင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။