ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၃၊ ၂၀၂၄
ဆီဆိုင်မြို့တွင် ကုန်စိမ်းများဈေးမြှင့်တက်နေသည့်အထဲမှ မုန်ညင်းထုပ်နှင့်မုန်ညင်းစိမ်း ဈေးကောင်းနေပြီး တစ်စီးတစ်ထောင်နှင့်အထက်ပေးရကြောင်း ဈေးဝယ်သည့် ဒေသခံအိမ်ရှင်မထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ကုန်စိမ်းများဈေးမြှင့်တက်နေပြီး အခုလက်ရှိမုန်ညှင်းတစ် ထုပ်ကို တစ်ထောင်ကျပ်နှင့်အထက်ပေး၀ယ်ရပြီးအထုပ်ကြီးရင် တစ်ပင်တစ်ထောင့်ငါးရာကျပ်၊ အထုပ်ငယ်ဆိုရင်တစ်ပင်တစ်ထောင်ကျပ်ပေး၀ယ်ရပြီး မုန်ညင်းစိမ်းတစ်စည်းဆိုရင်တစ်ထောင်ကျပ်နှင့်အထက်ပေးရသည်၊၊
“ကုန်ဈေးနူန်းတွေမြှင့်တက်လာတော့ စား၀တ်နေရေးလဲပိုခက်ခဲလာတယ် အရင်ကပိုက်ဆံနှစ်သောင်းဆိုအကုန်အစုံရတယ် အခုဆိုအကုန်အစုံမရဘူး ချွေတာပြီး၀ယ်ယူနေရတာ အဆင်ပြေတယ်တော့ဘယ်ဟုတ်မလဲ မိသားစုအတွက်အဆင်ပြေသလိုလောက်သလိုပဲသုံးပြီးပြန်ချက်ပေးရတာပေါ့”ဟု ဈေးလာသုံးသည် အိမ်ရှင်မအမျိူးသမီးတစ်ဦးကပြောသည်။
ဆီဆိုင်မြို့တွင် ကုန်စိမ်းလာပို့တဲ့သူကလည်းတစ်ဆင့်ယူရတော့ဈေးနည်းနည်းပိုပြီး မုန်ညင်းမှာလဲအမျိူးမျိူးရှိသောကြောင့်ဈေးကွာခြားမူတွေရှိသည့်အပြင် မုန်ညင်းအထုပ်ကြီး၊အထုပ်ငယ်ဆိုပြီးဈေးကွာဟမူရှိပြီး၊ မုန်ညင်းစိမ်းအစည်းဆိုရင်လည်းအိတ်ထဲပါလာသည့် အစည်းပေါ်မူတည်ပြီး အရင်းကိုက်အောင်ပြန်ရောင်းရကြောင်း ဈေးသည်ထံကသိရသည်၊၊
ဈေးရောင်းသည့်ဈေးသည်အမျိုးသမီးတစ်ဦးက “မုန်ညင်းထုပ်တစ်အိတ်ကို သုံးသောင်းပေး၀ယ်ရတဲ့အပြင် အထုပ်ကြီးရင်တစ်အိတ်ကိုအပင်သုံးဆယ်လောက်ပါတယ် အထုပ်သေးရင်တော့တစ်အိတ်မှာအပင်လေးဆယ်ကျော်လောက်ပါပြီးတော့ မုန်ညင်းအစည်ငါးဆယ်တစ်ထုပ်ကိုနှစ်သောင်းပေး၀ယ်ရတယ် အစည်းကလဲသေးတယ် တစ်ခါတစ်လေအပုပ်တွေလည်းပါတော့ လွင့်ပြစ်ရတာတွေလဲရှိတယ် အရင်းနဲ့ကာမိအောင်ပြန်ရောင်းရတာပဲ”ဟု ပြောသည်။
ရှမ်းပြည်တောင်ပိုင်းတွင်ရှိသည့် နေရာဒေသများတွင် နိုင်ငံရေးအခြေအနေကြောင့်၊ စစ်ရေးအခြေအနေမတည်မငြမ်ဖြစ်နေသောကြောင့် လမ်းသွားလာဖို့ခက်ခဲပြီး ဓာတ်ဆီ၊ ဒီဇယ်များကလည်းဈေးမြင့်တက်နေသောကြောင့် ကုန်စိမ်းပစ္စည်းများကအ ရင်နှစ်ထပ်ပိုပြီးဈေးပိုကြီးရလာခြင်းဖြစ်ကြောင်း ရောင်း၀ယ်သူများကသုံးသပ်နေကြကြောင်းသိရသည်။
PPV014
ဓာတ်ပုံ-အွန်လိုင်း
#ကုန်းဈေးနုန်း
#ဆီဆိုင်မြို့
#ကုန်စိမ်းများဈေးမြှင့်တက်နေ
#မုန်ညင်းထုပ်
#မုန်ညင်းစိမ်းဈေးကောင်းနေ
#အိမ်ရှင်မ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။