ခမ်းသားငေါဝ်း

နိုဝင်ဘာ ၁၃၊ ၂၀၂၄

အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၅ ထောင် ၃ ရာလုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar က နိုဝင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြည်နယ်နဲ့ တိုင်းအလိုက် ကြည့်လျှင် စစ်ကိုင်းတိုင်းတွင် နေအိမ်အလုံးပေါင်း ၇ သောင်း ၃ ထောင် ၃ ရာ ၅ ဆယ်ကျော် ဆုံးရှုံးခဲ့ရပြီး တစ်နိုင်ငံလုံး၏ မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်စုစုပေါင်း၏ ၆၉ ရာခိုင်နှုန်းကျော် ရှိပြီး မကွေး၊မန္တလေး၊ရခိုင် နှင့် ချင်းပြည်နယ်တွင် အရပ်သားနေအိမ်ပေါင်း ၂၆၅၈၃ ၂ သိန်း ၆ သောင်း ၅ ထောင် ၈ ရာ ၅၂ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲတွင် မေလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ် ၃၈၄၀ ရှိခဲ့ပြီး ကျူးလွန်သည့်အဖွဲ့အစည်းတွေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီ နှင့်တော်လှန်ရေးအင်အားစုများကြား စစ်ရေးပြင်းထန်လာပြီး လက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းသည့် နယ်မြေများတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများသည် အရပ်သားနေအိမ်တွေကို မီးရှို့ခဲ့သည့်အပြင် မြို့သိမ်းတိုက်ပွဲဆင်နွှဲသည့် မြို့ ရွာဒေသတွေနှင့် တော်လှန်ရေးအင်အားစုတွေကို ထောက်ခံသည့် ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် စစ်ကြောင်းထိုး မီးရှို့တာအပြင် လက်နက်ကြီး၊ လေကြောင်းနှင့် စစ်သင်္ဘောတွေက ပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေ မီးလောင်ပျက်ဆီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် ၂၀၂၁ ခုနှစ်တွင် အရပ်သားနေအိမ် ၂,၁၀၀ ကျော်၊ ၂၀၂၂ ခုနှစ်တွင် ၄၆,၉၀၀ နီးပါး၊ ၂၀၂၃ ခုနှစ်တွင် ၃၁,၀၀၀ ကျော်နှင့် ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်အထိ ၂၁,၀၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အရပ်သားနေအိမ် ၁၀၅၆၂ လုံးပျက်စီးခဲ့ရပြီး တစ်လအတွင်း မီးရှို့ခံရမှုအခြေအနေ အများဆုံးဖြစ်ခဲ့ကြောင်း Data For Myanmar အချက်အလက်အရသိရသည်။

PPV003
ပုံ-TNLA
#လူ့အခွင့်အရေး
#အာဏာသိမ်းမှု၃နှစ်ကျော်အတွင်း
#မီးရှို့ဖျက်ဆီးမှုများ
#အရပ်သားနေအိမ်
#ပျက်စီးဆုံးရှုံး
#Data for Myanmar
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *