ခမ်းသားငေါဝ်း
နိုဝင်ဘာလ ၁၂၊၂၀၂၄

လက်ရှိ စျေးကွက်တွင် ဝယ်လိုအား များနေ၍ ယာကွန်ဥ အဆမတန် စျေးမြင့်တက်လာနေကြောင်း ရောင်းချနေသူများထံမှ ကြားသိရသည်။

လက်ရှိ နိုဝင်ဘာလ ၁၂ ရက်တွင် တစ်ပိဿာ ၃၅၀၀ ကျပ် ရောင်းချနေခြင်း ဖြစ်ကာ၊ ရန်ကုန်မြို့တွင် တစ်ပိဿာ ငါးထောင်ကျပ် အထိ ပေါက်စျေး ရှိနေပြီး ကလော စျေးတွင်လည်း နိုဝင်ဘာလ (၉) ရက် က ယာကွန်ဥ တစ်ပိဿာ ငါးထောင်ကျပ် ပေးဝယ်ခဲ့ရကြောင်း ဝယ်သူ တစ်ဦးက ဆိုသည်။

“ဘယ်မင်းသမီးစားလိုက်လို့ ယာကွန်ဥ တွေ စျေးတက်သွားတာလဲတော့ မသိပါဘူး။ အရင်က တစ်ပိဿာ ငါးရာလောက် ရှိတာကို အခု တစ်ပိဿာ ငါးထောင် လောက် အထိ ဖြစ်နေတယ်။ ခြံရှင်တွေ ကလည်း စျေးတင်းပြီး ရောင်းနေကြတာ ၊ ဝယ်လိုအား ကောင်းနေလို့ စျေးတွေ တအားတက်နေတာ”ဟု ယာကွန်ဥ ရောင်းချသူ တစ်ဦး ကဆိုသည်။

ခြံသမားများထက် ကြားပွဲစားများက အလုအယက် လိုက်ဝယ်နေကြသဖြင့် ဖောက်သည်များ ဝယ်နေကျ စျေးထက် အဆမတန် စျေးပေးဝယ်ယူနေသော ပွဲစားများကို ခြံရှင်များ ရောင်းနေခြင်း ဖြစ်ကြောင်း ၊ ခြံများအထိ သွားတူးနေကြသော ပွဲစားများကြောင့် ခြံရှင်များကလည်း စျေးတက်ရောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

တချို့နေရာများတွင် ယာကွန်ဥ ဝယ်မှန်းမသိသဖြင့် မရောင်းရဘဲ တစ်ပိဿာ ၅၀၀ ကျပ်ခန့်သာ စျေးရကြောင်း သိရသည်။

ယာကွန်ဥ စားလျှင် ကျန်းမာရေး ကောင်းမွန်သည်ဟု လူပြောများနေသဖြင့် စျေးတက်နေခြင်း ဖြစ်ကာ မတန်တဆ စျေးမြင့်တက်နေသဖြင့် ရောင်းသူ ဝယ်သူများ ခက်ခဲကြောင်း သိရသည်။

#PPV-006
#စိုက်ပျိုးရေး
#ယာကွန်ဥ
#ရှမ်းတောင်

Leave a Reply

Your email address will not be published. Required fields are marked *