ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၂၊ ၂၀၂၄

ယခုနှစ်တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပနိုင်ရေး အတွက် လုံခြုံရေးတိုးမြှင့်ချထားကြောင်း နိုဝင်ဘာလ ၁၁ ရက် ဖွင့်ပွဲရက်တွင် မြင်တွေ့ရသည်။

တောင်ကြီး အဝေရာ မီးပုံးပျံကွင်းအတွင်း လုံခြုံရေးများ ပွဲစျေးတန်း အဝင်မှ စ၍ ကွင်းအဝင် ၊ ကွင်းအတွင်း တို့တွင် ယခင်နှစ်ထက် လုံခြုံရေးတိုးမြှင့် ချထားဆောင်ရွက်နေပြီး ၊ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် သွားမည့် မော်တော်ယာဉ်များကိုလည်း အသေးစိတ် စစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ပြီး ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဝင်ရောက်ခွင့်မပြုကြောင်း နှင့် တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးထားသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံကွင်းအနီးရှိ မော်တော်ကား အပ်နှံခကို ၃၀၀၀၀ ကျပ် ရှိပြီး၊ မော်တော်ဆိုင်ကယ် အပ်နှံခ ၅၀၀၀ ကျပ် ပေးဆောင်ရသဖြင့် ယခင်နှစ်များထက် ကုန်ကျစရိတ် မြင့်တက်လာနေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ အရင် က အဲလောက် မပေးရပါဘူး။ အခုက ဆိုင်ကယ် ငါးထောင်ကျပ် ပေးရတယ်။ ကား သုံးသောင်းကျပ် ပေးရတယ်။ နောက်ရက် ဆိုင်ကယ်နဲ့ လာလည်ရတော့မယ်။ ပွဲခင်းထဲမှာလည်း စားသောက်ဆိုင် တွေကလည်း ကုန်စျေးနှုန်းတွေ အကုန် မြင့်တက်နေတယ်။ မုန့်ဟင်းခါး၊ ထမင်းကြော် တွေ စားမယ် ဆိုရင် စျေးမေးပြီးမှ စားနော်။ ”ဟု ပွဲလည်သူ တစ်ဦးက ပြောသည်။

နိုဝင်ဘာလ(၁၁) ရက် ညနေပိုင်း(၆) နာရီ အချိန်တွင် မီးပုံးပျံအငယ်များဖြင့် ဖွင့်ပွဲကို ကျင်းပခဲ့ပြီး ၊ ဖွင့်ပွဲ စိန်နားပန် မီးပုံးပျံ ကိုလည်း လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ၂၀၂၄ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာလ (၁၁) ရက် ဖွင့်ပွဲရက်တွင် စိန်နားပန် ၄ လုံး ၊ ညမီးကြီး ၃ လုံး ၊ စုစုပေါင်း ၇ လုံး လွှတ်တင်ခဲ့ကြောင်း သိရသည်။

#PPV-006
#တန်ဆောင်တိုင်
#Taunggyi
#မီးပုံးပျံ
#လုံခြုံရေး

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *