ခမ်းသားငေါဝ်း

နိုဝင်ဘာ ၁၃၊ ၂၀၂၄

ရွေးကောက်ပွဲအတွက် စစ်ကောင်စီမှ သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံရေးအရ ထွက်ပေါက်ရှာနိုင်ရေးအတွက် ရှေးပြေးလုပ်ငန်းစဉ် တစ်ခုအဖြစ် လုပ်ဆောင်ခြင်း ဖြစ်ပြီး အောင်မြင်မှု မရှိကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)က နိုင်ဝင်ဘာ(၁၂)ရက်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် (၂၀၂၄)ခုနှစ် သန်းခေါင်စာရင်းကောက်ယူသည့်ရက်ကို မူလ အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်အတွင်း သတ်မှတ်ခဲ့သော်လည်း မူလရက်ထက် (၁၅)ရက်တိုးပြီး အောက်တိုဘာလကုန်ထိ ကောက်ရခြင်းသည် မအောင်မြင်ခြင်းကို သက်သေပြနေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီမှ သန်းခေါင်စာရင်း ကောက်ယူသည့် ကာလမှာလည်း နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း (၃၃၀)တွင် မြို့နယ် (၂၃၃) ခုထက် မနည်း (နိုင်ငံ၏ ဧရိယာ ၇၀ ရာခိုင်နှုန်း)မှာ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားနေပြီး စက်တင်ဘာလ အတွင်းမှာလည်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၄၀၀)ကျော် သေဆုံးခဲ့သည့်အပြင် ရေဘေးသင့်ပြည်သူ (၁)သန်း ကျော်ထိ ထိခိုက်ပျက်စီးမှု ကြုံနေရသည့် ကာလဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများသည်လည်း တာဝန်ကျေ အပြသဘောသာ ကောက်ယူခဲ့ကြသလို ကောက်ယူသည့် အချက်အလက်မှာလည်း ခိုင်မာမှန်ကန်မှုမရှိတာကို တွေ့ရကြောင်း ဖော်ပြထားသည်။

သန်းခေါင်စာရင်းကောင်ယူသည့် နေရာတွင် ဗျူစောထီး၊ ပြည်သူ့စစ်၊ ရဲ စစ်တပ် စသည့် အင်အားပေါင်း မျာစွာအသုံးပြုကာ စစ်ကောင်စီထိန်းချုပ်ထားသော မြို့ပြတွင် လက်နက်ကိုင်ဆောင်ကာ အဓမ္မ ကောက်ယူခဲ့ပြီး ကျေးလက်ဒေသအချို့မှာလည်း ခြိမ်းခြောက် သေနတ်ထောက်၍ ဖိအားပေးကောက်ယူရန် ကြိုးစားခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် ၂၀၂၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူအင်အား (၄၂၀၀၀)ကျော်ဖြင့် အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်အတွင်း ကောက်ယူရန် ကြိုးပမ်းခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် သန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာလကုန်ထိ ရက်တိုး ကောက်ယူမည့် အကြောင်းကို ‌အောက်တိုဘာ(၁၆)ရက်နေ့က ကြေညာခဲ့သည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#ရွေးကောက်ပွဲ
#သန်းခေါင်စာရင်းကောက်ယူမှုသည်
#နိုင်ငံရေးအရ
#ထွက်ပေါက်ရှာနိုင်ရေး
#ရှေးပြေးလုပ်ငန်းစဉ် တစ်ခုအဖြစ်
#အောင်မြင်မှုမရှိကြောင်း
#အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု
#GSCB
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

Leave a Reply

Your email address will not be published. Required fields are marked *