ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၃၊ ၂၀၂၄

လားရှိုးမြို့တွင် MNDAA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုတွင် သတင်းပေး သံသယရှိသူ (၂၆)ဦးကို MNDAA မှ ခေါ်ယူစစ်ဆေးမှု လုပ်နေကြောင်း နိုဝင်ဘာ(၁၂)ရက်တွင် သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီကို သတင်းပေးမှု သံသယရှိသူကို တွေ့ရှိခဲ့ရာမှ ခေါ်ယူစစ်ဆေးမှု ပြုလုပ်ရန် ခေါ်ဆောင်သွားပြီး အပြစ်မရှိလျှင် ပြန်လည်လွတ်ပေးမည့်အကြောင်း လားရှိုးမြို့ ဒေသခံထံမှ သိရသည်။

“ခေါ်ယူစစ်ဆေးခံရသူက ဘာလူမျိုး၊ ကျား၊မ လားဆိုတာကို အခြေအနေအသေးစိတ်မသိဘူး။ အပြစ်မရှိရင်တော့ ပြန်လွတ်ပေးမယ် ပြောနေကြတယ်။ တကယ် သတင်းပေးသူဆိုရင်တော့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးသင့်တယ်။ အခုက ပြန်လွတ်လာတာတော့ မကြား‌သေးဘူး” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီ သတင်းပေးကြောင့် ခေါ်ယူစစ်ဆေးမှုနှင့် ပတ်သက်ပြီး ” ပထမဖမ်းမိတဲ့ တစ်ယောက်က စီးပွားရေး လုပ်ငန်းရှင် စစ်တပ်ကို သတင်းပေးထားတာရှိတယ်။ လေယာဉ်ပစ်မှတ်ကို ပေးထားတာရှိတယ်။ သူ့ရဲ့ ထွက်ဆိုချက်ကြောင့် ကျန်တဲ့သူတွေကို ခေါ်ယူစစ်ဆေးတာရှိတယ်” ဟု လားရှိုးမြို့ (MNDAA) ၏ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေ သတင်းဌာနကို ဖြေဆိုထားသည်။

လက်ရှိ လားရှိုးမြို့တွင် ဖုန်းလိုင်း အင်တာနက်လိုင်း ပြန်လည်ရရှိနေပြီး လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအတွက် (MNDAA )မှ ကြိုးစားလုပ်ဆောင်နေကြောင်း သိရသည်။

ရှမ်းမြောက် လားရှိုးမြို့တွင် MNDAA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ် အဆောက်အဦး၊ ဟိုတယ် ပျက်စီးဆုံးရှုံးမှုအပြင် ‌အရပ်သား (၃၈)ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လားရှိုးမြို့
#MNDAA
#လေကြောင်းတိုက်ခိုက်မှု
#သတင်းပေး
#သံသယရှိသူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *