ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊၂၀၂၄
ယခုနှစ် စစ်ကောင်စီ ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ရာသီဥတု အခြေအနေကြောင့် ရက်ပြောင်းရွေ့ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တန်တောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဟု ယာထားသော်လည်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ပြောင်းရွေ့ကျင်းပသွားမည်ဟုဆိုသည်။
” မိုးကဒီလိုတစ်နေကုန် ရွာနေရင် ပွဲလုပ်လည်း လူကရှိမှာမဟုတ်ဘူး၊ မီးပုံးပျံလွတ်ရင်လည်း အဆင်ပြေနိုင်မှာမဟုတ်ဘူးလေ၊ လူမစည်မှာ စိုးလို့ ရက်ပြောင်းထားတာနေမှာ” ဟု တောင်ကြီး ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် မီးပုံးပျံ ညမီးကြီး ယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွတ် ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၃၈ လုံး ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
#PPV 003
#ပွဲတော်
#တောင်ကြီး တန်ဆောင်တိုင်
#မီးပုံးပျံပွဲ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။