ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် ဝိုင်ဖိုင် လိုင်းများကို အချိန်ပိုင်း ဖြတ်တောက် နေသည်မှာ ၂ ရက်ရှိပြီ ဖြစ်ပြီ vpn ဆာဘာ များကိုလည်းဘမ်းနေကြောင်း ကြားသိရသည်။
နိုဝင်ဘာလ (၇) ရက် ညနေပိုင်း အချိန်တွင် ဝိုင်ဖိုင် လိုင်းများ အားလုံးကို ဖြတ်တောက်ထားခြင်း ဖြစ်ကာညပိုင်း အချိန်ရောက်မှ ပြန်ဖွင့်ပေးကြောင်းနောနိုဝင်ဘာလ (၈) ရက် မွန်းလွဲပိုင်းတွင် လည်း ဝိုင်ဖိုင်များ ပြတ်တောက်နေပြီး ညပိုင်း အချိန်ရောက်မှ ဝိုင်ဖိုင် လိုင်းပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။
“ခုရက်ပိုင်း သိသာလာတာ က ဝိုင်ဖိုင် တွေက အချိန်ပိုင်း ဖြတ်တောက်နေတာ ၂ ရက် ရှိနေပြီ။ ဖုန်းနဲ့ သုံးတဲ့ VPNတွေလည်း သုံးလို့မရတာ သိသာလာတယ်။”ဟု ဒေသခံ တစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်းဖြင့် အသုံးပြုနေသော vpn များကိုလဲ အသုံးမပြုနိုင်ရန် ဘမ်းနေသဖြင့် တစ်ခု မှ အသုံးပြုရ အဆင်မပြေကြောင်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အခကြေးငွေဖြင့် အသုံးပြုနေသော vpn များကို ပင် ဆာဘာ အလုံးလိုက် ဘမ်းနေသဖြင့် နာမည် တစ်မျိုးပြီး တစ်မျိုး ပြောင်းထုတ်ခြင်း၊ vpn Version များကို အသစ် များ ဆင့်ကဲ ဆင့်ကဲ ထပ်ထုတ်နေရခြင်း ရှိကြောင်း vpn ရောင်းချသူများထံမှ သိရသည်။
တောင်ကြီး တန်ဆောင်တိုင် ပွဲတော် နီးကပ်လာချိန် ဝိုင်ဖိုင်များကို အချိန်ကိုက် ဖြတ်တောက်နေခြင်း ဖြစ်နိုင်ကြောင်း မြို့ခံ အချို့ က ထင် ကြေး ပေးနေကြသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၁) ရက် ရေကြီးစဉ် ကာလ အတွင်းမှာလည်း တလကျော်သည် အထိ ဝိုင်ဖိုင်လိုင်းများ ပြတ်တောက်ခြင်း ရှိခဲ့ပြီး၊ တစ်ပတ်ကျော် ကြာပြီးနောက် အက်တမ် ဖုန်းလိုင်း သာလျှင် စတင် အင်တာနက် သုံးနိုင်ခြင်း ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရေကြီးစဉ်ကာလ ၀ိုင်ဖိုင် လိုင်းများ ပြတ်တောက်ခြင်းကြောင့် တစ်လကျော် ကာလအတွင်း ဖုန်းဘေလ် ဖြင့် အင်တာနက် အသုံးပြုကြရသဖြင့် အပိုထွက်ငွေ များစွာ နစ်နာမှု ရှိကြောင်း ဝိုင်ဖိုင် အသုံးပြုသူ တစ်ဦး က ထောက်ပြပြောဆိုထားသည်။
#PPV-006
#Humanright
#vpn
#wifi
#တောင်ကြီး
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။