ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၁၊ ၂၀၂၄
ဆီဆိုင်မြို့နယ်တွင် လက်တလောမိုးရွာသွန်းခြင်းကြောင့် ရေကြီး ရေလျှံဖြစ်ပြီး ချောင်းနှင့်နီးသည့် လယ်များ၊ ပြောင်းခြံများနှင့် တောင်ယာခြံတွင် စိုက်ပျိုးသည့် တောင်ယာစပါးများ ပျက်စီးမှုရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပါလောပါကယ်အုပ်စု၊ တဘက်အုပ်စုတို့တွင် လယ်စပါးနှင့်ချောင်းအနီးစိုက်ပျိုးထားသည့် ပြောင်းများရေနပ်မြုပ်ပြီး ပျက်စီးမှုရှိသလို တောင်ယာစပါးများလည်းပျက်စီးမှုရှိကြောင်း နောင်ကျောအုပ်စု၊ တောင်ရှေ့အုပ်စုတို့တွင်လည်း စိုက်ပျိုးသည့် တောင်ယာစပါးများ ရိပ်နေစဉ်အတွင်းမိုးရွာခြင်းကြောင့် ပျက်စီးမှုရှိနေသည်။
“ရိပ်ပြီးပြီပုပ်ဖို့ပဲကျန်တာ မိုးရွာချတော့ ရေနဲ့မျောသွားတဲ့ စပါးတွေအများကြီး လိုက်ကောက်ပြီးအခုလှန်းနေရတယ် အကုန်ပြန်မရဘူး နှစ်ပုံတစ်ပုံတောင်ကျန်ပါ့မလားမသိဘူး” ဟု တောင်ယာစိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။
တဘက်အုပ်စုရှိ ကျေးရွာအများစုတွင်လည်း လယ်များရေမြုပ်ပြီး တဘက်ချောင်းနှင့်နီးသည့် ပြောင်းခြံများ ရေလွမ်းမိုးခြင်းများရှိနေကြောင်း သိရသည်။
တဘက်ချောင်းတွင် ငါးသွားဖမ်းသည့် ဆီဆိုင်ဒေသခံတစ်ဦးကလည်း “အခုတဘက်ချောင်းဘေးက လယ်တွေမပြောနဲ့ ကုန်းနားကပြောင်းခြံတွေထဲမှာ ငါးဖမ်းသမားတွေ ပြောင်းခင်းထဲမှာပဲ ငါးထောင်ကြတယ် ရေတွေအပြည့်ပဲ ခြံသမားတွေသနားဖို့တောင်ကောင်းတယ်” ဟုပြောသည်။
တဘက်ချောင်းဘေးတွင် လက်ရှိအချိန်ထိရေကျဆင်းခြင်းမရှိသေးသည့်အတွက် စိုက်ပျိုးထားသည့်စပါးများ ရိပ်သိမ်းနိုင်ခြင်းမရှိသေးသလို ပြောင်းခင်းများလည်း ချိုးယူနိုင်ခြင်းမရှိသေးကြောင်း တောင်ယာစပါးစိုက်သူများကတော့ ရိပ်သိမ်းပြီး မိုးစိုသည့်စပါးများကို နေပြန်လှန်းနေကြကြောင်း သိရသည်။
PPV001
ဓာတ်ပုံ-အွန်လိုင်း
#သဘာဝဘေး
#ဆီဆိုင်မြို့နယ်
#တောင်ရှေ့အုပ်စု
#ပါလောပါကယ်အုပ်စု၊
#တဘက်အုပ်စု
#နောင်ကျောအုပ်စု
#လယ်စပါးနှင့်ချောင်းအနီးစိုက်ပျိုးထားသည့်ပြောင်းများ
#ရေနပ်မြုပ်ပြီး
#တောင်ယာစပါးများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။