ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊ ၂၀၂၄

ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းရှိ ကာလ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ရှောင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ ခဲ့ကြောင်း ရှေ့တန်းမြေပြင် သတင်းရင်းမြစ် တစ်ဦးထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းရှိ ကာလကျေးရွာတွင် နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ခြက်းဖြစ်သည်။

” မနေ့ည ၁၁ ခွဲလောက်လာကြဲသွားတယ်၊ စစ်ရှောင် ၂ ဦးသေသွားတယ်၊ ၁ ဦးဒဏ်ရာရတယ်၊ နေအိမ်တွေလည်း အနည်းဆုံး ၄ လုံး ပျက်စီးသွားတယ်” ဟု ရှေ့တန်းမြေပြင်သတင်းရင်းမြစ် တစ်ဦးကပြော သည်။

အဆိုပါကာလကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ရှောင်များသာ ရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံအနောက်ဖက်ရှိ စစ်ရှောင်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့သည်။

#PPV 003
#Humanright
#လေကြောင်းတိုက်ခိုက်
#ဖယ်ခုံအရှေ့ဘက်
#စစ်ရှောင်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။