ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၁၊ ၂၀၂၄
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေများ အခက်ခဲဖြစ်ပြီး အလှူရှင်များ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။
ကရင်နီပြည်နယ်စပ်တွင် စစ်ပွဲများကြောင့် ဒေသခံပြည်သူများ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး ဖရူဆိုအရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေးအပြင် သောက်သုံးရေအတွက် အလှူရှင်များ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
“အလှူရှင်တွေတော့ ရှိပေမဲ့ သောက်ရေအတွက်က မလုံလောက်ဘူး။ စစ်ရှောင်စခန်းမှာ ရေတွင်းတူကြပေမဲ့ ရေကခဏလေးနဲ့ခမ်းကုန်တာ။ ခုထိအလှူရှင် လိုအပ်နေဆဲပဲ”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ စုစုပေါင်း (၄၀၀)နီးပါး ရှိကြောင်း သိရသည်။
ရှမ်း-ကရင်နီပြည်နယ်စပ်က ဖယ်ခုံ၊ ပင်လောင်းမြို့နယ်ထဲတွင် PNO/PNA ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား အောက်တိုဘာလမှ စပြီး ယခုချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးရှောင်များ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
PPv0011
ဓာတ်ပုံ-ဓာတ်ပုံ
#စစ်ဘေးရှောင်
#ဖရူဆိုမြို့နယ်
#စစ်ဘေးရှောင်စခန်း
#သောက်သုံးရေများ
#အလှူရှင်များလိုအပ်နေ
#စစ်ရှောင်ကူညီသူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။