ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊၂၀၂၄

ညောင်ရွှေမြို့ ဟဲဆပ်ဘုန်းကြီးကျောင်းနှင့်နောင်တရားရောက် ဗန်းမောက်ရွာသားစစ်ရှောင် ၆၀ ကျော် စားနပ်ရိက္ခာနှင့်တစ်ကိုယ်ရည်အသုံးဆောင်များအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်သူများထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ရှမ်း-ကယားနယ်စပ် အနီးရှိ လုံးပြင်ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများအဝတ်တထည်ကိုယ်တခုနှင့်သာ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

“လိုအပ်မှုတွေက အများကြီးပဲ အချို့ကပြေးလာတာ ဖိနပ်တောင်မပါဘူး။ ကိုယ်တစ်ခုနဲ့ပဲပြေးလာရတာ။ အဲနေ့က ပြေးလာတုန်း ဒရုန်းနဲ့မျက်စိရှေ့ပစ်ခံရတော့ အချို့ဆိုလန့်ပြီး စိတ်ပိုင်းဆိုင်ရာတွေလည်း ထိခိုက်နေတယ်” ဟု စစ်ရှောင်ဒေသခံ တစ်ဦးကပြောသည်။

အောက်တိုဘာ ၂၄ ရက်က ဗန်းမောက်ရွာတွင် တိုက်ပွဲကြောင့် ဒေသခံများက ဟဲဆပ်ဘုန်းကြီးကျောင်းသို့တိမ်းရှောင်ခိုလှုံရသလို၊ နေရာထိုင်ခင်းမဆံံ့၍ နောင်တရားဒဲဥ်သီးဗွေကွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူလည်းရှိသည်။

ဗန်းမောက်ကျေးရွာဘက်တွင်စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေး အင်အားစုတို့ နှစ်ဘက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ၊ PNO ပြည်သူစစ်တို့က ဒရုန်းဖြင့် စစ်ဘေးရှောင်ကားကိုလိုက်လံ ပစ်ခတ်လိုက်သည့်အတွက် စစ်ရှောင်များထိမှန်ပြီး အမျိုးသမီး ၃ ဦးသေဆုံးကာ ထိုထဲမှာ အသက် ၈ နှစ်ကလေးတစ်ဦးပါဝင်ကြောင်းသိရသည်။

#PPV010
#Humanright
#လူသားချင်းစာနာထောက်ထားမှု
#ဗန်းမောက်
#ဟဲဆပ်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed