ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုများလာသဖြင့် လုပ်ငန်းများ ခက်ခဲမှု ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။

နိုဝင်ဘာလ အစောပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ရာ ၂၄ နာရီ တစ်ရက်နီးပါး ပြတ်တောက်မှု လည်းရှိသလို ၊ လာချင်သလိုလာ၍ ပြတ်တောက်ချင်သလို ပြတ်တောက်နေကြောင်း တောင်ကြီးမြို့မှ ဒေသခံ တစ်ဦးက ပြောသည်။

“အရင် တနေ့ည က ဆိုရင် မီးပြတ်သွားတာလိုက်တာ နောက်တစ်ရက် လည်းမလာလို့ ထမင်းတောင် မချက်ရဘူး။ တစ်နေကုန်လည်း မလာဘူး။ ညနေပိုင်း နည်းနည်းလေး လာပြီး ထပ်ပျက်သွားပြန် တယ်။ တခါတလေ ထမင်း တအိုးတောင် မကျက်ဘူး။ ခနလေးနဲ့ လာပြီးပြန်ပျက်သွားတယ်။ မီးလာတဲ့ချိန် ကိုထပြီး လုပ်နေရလို့ အိပ်ရေးတွေ ပျက်နေတယ်။ သာမာန် နေ့ခင်း ညနေခင်း အချိန်တွေဆိုရင် မီးအားနည်းတယ်။ မနက် ၂ နာရီလောက် ထပြီးတော့ ရေ မော်တာတင် ၊ ထမင်းဟင်းချက် တာတွေ လုပ်နေရတယ်။ မနက် ၅ နာရီ ဆိုရင် တခါပြန်ပျက်သွားပြန်တယ်။ မနက် ၉ နာရီလောက် လာချင် လာတယ်။ အဲလိုပဲ တနေကုန် လာလိုက် ပျက်လိုက် ဖြစ်နေတယ်။ ”ဟု တောင်ကြီးမြို့ခံတစ်ဦးကပြောသည်။

မီးပျက်သဖြင့် စီးပွားရေး လုပ်ငန်းများ အခက်အခဲ ကြုံတွေ့ရပြီး လောင်စာဆီ ရှားပါးချိန် မီးစက်ဖြင့် လုပ်ကိုင် ရသဖြင့် လုပ်ငန်းငယ်များ တွက်ခြေကိုက်မှု နည်းပါးကြောင်း ၊ မိုးရာသီ အလုပ်ပါးကာလ ဖြစ်သဖြင့် စီးပွားရေး ခက်ခဲကြောင်း လုပ်ငန်းရှင် များက ပြောသည်။

စက်မှုလုပ်ငန်းနှင့် မြို့ပေါ် လုပ်ငန်း အများစု တို့ သည် လျှပ်စစ်မီးကို အားကိုးနေရခြင်း ဖြစ်ကြောင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် လုပ်ငန်းများရပ်ဆိုင်းရသည်လည်း ရှိကြောင်း ပေါင်မုန့်နှင့် ခေါက်ဆွဲ လုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

ရွှေညောင်မြို့မှ လုပ်ငန်းရှင် တစ်ဦးက “လျှပ်စစ်မီးမလာတော့ လုပ်ငန်းတွေ လည်ပတ်ဖို့ အတွက် မီးစက်နှိုးပြီး လုပ်ရတာပေါ့။ လောင်စာဆီ တွေက စျေးတက်တော့ အပို ကုန်ကျစရိတ် တွေ တက်တာပေါ့။” ဆိုသည်။

ရန်ကုန်တိုင်းတွင် ဓါတ်အားစနစ်အတွင်းဝန်အားမနိုင်နင်းမှု​ကြောင့် နိုဝင်ဘာလ ၅ ရက်မှ စတင်၍ အလှည့်ကျ ဝန်အား လျော့ချသွားမည် ဖြစ်ကြောင်း YESC မှ ထုတ်ပြန်ကြေညာထားသည်။

တောင်ကြီးမြို့ တွင် လျှပ်စစ်မီး ပုံမှန်မလာ၍ လုပ်ငန်းရှင် များအခက်ခဲကြုံတွေ့ရသလို သာမာန်နေ့စားအလုပ်လုပ်သူများလည်းအခက်ခဲရှိရြောင်းသိရသည်။

#PPV-006
#လျှပ်စစ်မီး
#ပုံမှန်မလာ
#Taunggyi
#Humanright

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed