ခမ်းသားငေါဝ်း
နိုဝင်ဘာ ၆၊၂၀၂၄

မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးမလုံလောက်မှုကြောင့် ဒေသခံများ ရှမ်းတောင် ကျေးသီးမြို့တွင်သာ ကာကွယ်ဆေး သွားရောက် ထိုးနှံရကြောင်း ‌‌နိုဝင်ဘာလ (၆)ရက် ယနေ့တွင် စုံစမ်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့တွင် (၁၀၂၇) ဒုတိယလိုင်း စစ်ဆင်ရေးကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့တွင် မြန်မာနိုင်ငံတော်မှ ဆေးပို့ချမှု မလုပ်နိုင်သဖြင့် ကာကွယ်ဆေးကို ရှမ်းတောင်ကျေးသီးမြို့တွင်သာ သွားရောက် ထိုးနှံရကြောင်း ကလေး ကာကွယ်‌ဆေး သွား‌ ရောက်ထိုးနှံသည့် ဒေသခံထံမှ သိရသည်။

“အရေးကြီးလိုအပ်တဲ့ ဆေးတို့၊ ကာကွယ်ဆေးတို့ဆို ထိုးလို့မရတော့ဘူးလို့ ပြောတယ်။ အရင်က လားရှိုးမြို့မှာ ဆေးထုတ်ကြတာလေ အခုက သိတဲ့အတိုင်း လားရှိုးမြို့လည်း ကျသွားတော့ အဲ့လိုဖြစ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်ပေါင်း (၄၀)ကျော် ဝေးသည့် ရှမ်းမြောက် မိုင်းရယ်မြို့မှ ရှမ်းတောင် ကျေးသီးမြို့သို့ ကာကွယ်ဆေး သွားရောက် ထိုးနှံရသောကြောင့် အဆင်မပြေသည့် ဒေသခံအချို့ သွားလာရေး အခက်ခဲဖြစ်နေကြောင်း သိရသည်။

“ကျွန်တော် အသေးစိတ် မသိပေမဲ့ သိသလောက်တော့ အကယ်၍ ဆေးက ရခဲ့ရင်တောင် မီးကမရတော့ ဆေးကို ကြာရှည်ထိန်းသိမ်းဖို့ကကြတော့ ခက်ပြန်တာလေ အဲ့တာကြောင့် မီးမရတာလည်းကြာနေပြီ‌ဆိုတော့ ရှိတဲ့ဆေးနဲ့ လိုအပ်တဲ့ဆေးက မကိုက်ဘူး ကြားတယ်။ အရေးကြီး လူနာဆိုလည်း ရှမ်းတောင်ပဲ လွဲတာကြားတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးလည်း ပြောသည်။

လက်ရှိတွင်တော့ ရှိတဲ့ ဆရာ၊ ဆရာမတွေက အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစား ကုသပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းရယ်မြို့တွင် လက်ရှိ SSPP/SSA နေရာယူထားပြီး ရှမ်းမြောက် လားရှိုးမြို့နယ်မှ စစ်‌ဘေးရှောင်များလည်း ခိုလုံနေထိုင်နေကြောင်း သိရသည်။

PPV0011
#လားရှိုးမြို့
#မိုင်းရယ်မြို့
#ပြည်သူ့ဆေးရုံ
#ဆေးမလုံလောက်မှု
#ကျေးသီးမြို့တွင်
#ကာကွယ်ဆေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *