ခမ်းသားငေါဝ်း
နိုဝင်ဘာ ၆၊ ၂၀၂၄
ဆီဆိုင်မြို့တွင်ကုန်ဈေးနူန်းများမြင့်တက်နေသည့်ကြားတွင် ကော်ဖိထုပ်နှင့်ကြက်သွန်နီများကဈေးပိုကောင်းနေကြောင်း ဈေးရောင်းသောသူများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်ပြီးခဲ့တဲ့စက်တင်ဘာလတွင် ကော်ဖိထုတ်တစ်အိတ်ကို ၇ ထောင်ကျပ်ပဲပေး၀ယ်ရပြီး အခု အောက်တိုဘာလနောက်ဆုံးပတ်မှစပြီး နို၀င်ဘာလ ၆ ရက်နေ့ အထိ ကော်ဖိထုပ်တစ်အိတ်ကို သုံးသောင်းခွဲကျပ်အထိပေး၀ယ်နေရကြောင်းနှင့် ကြက်သွန်နီလက်ရှိ၀ယ်ဈေးအရအလုံးကြီးတစ်အိတ်ကို ၅ သောင်းကျပ်ပေးရ၀ယ်ရပြီးကြက်သွန်နီအလတ်ကိုတစ်အိတ် ၄ သောင်း ၈ ထောင်ပေး၀ယ်ရသည်။
“ ကုန်ပစ္စည်းတိုင်းလိုလိုကဈေးတက်နေတာ၊ ကုန်စိမ်းရောင်းတဲ့လူတွေကပိုဒုက္ခ ရောက်တယ်၊အရင်ကငွေလေးငါးသိန်းဆိုရင် ကုန်ပစ္စည်းစုံသလောက်၀ယ်ရောင်းလို့ရတယ်လေ၊ အခုဆိုကုန်စိမ်းတစ်မျိူးထဲတောင်မရချင်ဘူး၊ ရောင်း၀ယ်ရခက်ခဲလာတယ်အရင်ကထက် ပြီးတော့ကုန်စိမ်းထဲမှာဈေးတက်ဆုံးကကော်ဖိထုပ်နဲ့ကြက်သွန်နီလေ၊ဆိုင်မှာအရောင်းရဆုံးလို့လည်းပြောရမယ်”ဟုဈေးရောင်းသော အမျိူးသမီးတစ်ဦးကပြောသည်။
ဆီဆိုင်မြို့တွင်လက်ရှိကော်ဖိထုပ်တစ်ထုပ်ကို ၃ ထောင်ကျပ်နှင့်အထပ်ရောင်းမှ အရင်းကိုကာမိမှာဖြစ်ပြီး၊ကြက်သွန်နီတစ်ပိဿာကိုလည်း ၆ ထောင်ကျပ်ရောင်းမှသာ ကိုက်တာဖြစ်ကြောင်းဈေးရောင်းသောအသက် ၄၈ အရွယ်အမျိူးသမီးတစ်ဦးကပြောသည်။
“ကုန်စိမ်းဈေးတက်တော့အန်တီတို့လည်း သွေးတက်တာပေါ့၊ နဂိုကမှ၀ယ်ရောင်းဖို့အ နိုင်နိုင်လေ၊ဒီထပ်ဈေးတက်ရင်တော့ဘယ်လိုဆက်ပြီး ၀ယ်ရောင်းရမလဲဆိုတာကိုမတွေးရဲဘူး၊ ဒီလိုကုန်ဈေးနူန်းတွေပိုမြင့်တက်တော့ဘယ်သူအတွက်မှ အဆင်မပြေဘူး၊ဈေးရောင်းတာတစ်ခုပဲတက်တော့ပိုဆိုးတာပေါ့အရင်းကလဲနည်းနည်းပဲရှိတယ်၊ သူများလိုလဲသွန်ရောင်းချင်တယ် ဒါပေမဲ့သွန်ရောင်းရင်အန်တီတို့အတွက်က မကိုက်ပြန်ဘူး၊အခုတစ်လောဈေးရောင်းရတာအဆင်မပြေဘူး”ဟု၎င်းကဆက်ပြော သည်။
ရှမ်းပြည်တောင်ပိုင်းတွင်ရှိသည့် နေရာဒေသများတွင် နိုင်ငံရေးအခြေအနေနှင့် စစ်ရေးအခြေအနေမတည်မငြမ်ဖြစ်နေခြင်းကြောင့် လမ်းသွားလာဖို့ရန်ခက်ခဲပြီး ဓာတ်ဆီ၊ဒီဇယ်များကလဲဈေးမြင့်တက်နေသောကြောင့် ကုန်ပစ္စည်းဈေးများအဆမတန်မြင့်တက်လာကြောင်း ရောင်း၀ယ်သူတစ်ဦးကသုံးသပ်ထားသည်။
နောင်တရားကနေဆီဆိုင်မြို့အထိ ကော်ဖိထုပ်တစ်အိတ်သုံးသောင်းခွဲကျပ်ပေး ၀ယ်ရပြီးပို့ခလဲအပြီးအစီးဖြစ်ကြောင်း ကြက်သွန်နီကဆိုက်ခေါင်ကနေဆီ ဆိုင်အထိလာပို့ပေးပြီးဈေးနူန်းကတော့ကြက်သွန်နီအလုံးပေါ်မူတည်ပြီးဈေးနူန်းကွာဟမူရှိကြောင်းသိရသည်။
PPV014
ဓာတ်ပုံ-အွန်လိုင်း
#ကုန်စိမ်း
#ကုန်ဈေးနုန်း
#ဆီဆိုင်မြို့
#ကုန်ဈေးနူန်းများမြင့်တက်နေသည့်ကြား
#ကော်ဖိထုပ်နှင့်ကြက်သွန်နီများ
#ဈေးပိုကောင်းနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။