ခမ်းသားငေါဝ်း

နိုဝင်ဘာ ၆၊ ၂၀၂၄

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)သည် တအောင်းဒေသအတွင်းရှိ ပြည်သူများ၏ အခက်ခဲကို ဖြေရှင်းနိုင်ရန် ပို့ကုန်/သွင်းကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြုကြောင်း အောက်တိုဘာ (၅)ရက်က ထုတ်ပြန်ထားသည်။

ထိုအခွန် ကင်းလွတ်ခွင့်တွင် မြန်မာပြည် (မန္တလေး)မှ တအာင်းဒေသအတွင်းသို့ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုးနှင့် အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် (PSLF/TNLA) ၏ အကောက်ခွန်ဌာနမှ အခွန်ကောက်ခံမည့် ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး တအာင်းဒေသနှင့် တရုတ်ပြည်အကြား သွင်းကုန်/ပို့ကုန် ကုန်ပစ္စည်းများ နှင့် တအာင်းပြည်မှ မြန်မာပြည်(မန္တလေး)သို့ တင်ပို့သည့် ကုန်ပစ္စည်းများကိုမူ အခွန် ကောက်ခံသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

PPV0011
#အခွန်
#ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
#PSLF/TNLAသည်
#တအောင်းဒေသအတွင်း
#ပို့ကုန်
#သွင်းကုန်
#အခွန်ကင်းလွတ်ခွင့်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed