ခမ်းသားငေါဝ်း
နိုဝင်ဘာ ၅၊ ၂၀၂၄
နောင်ချိူမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းနိုဝင်ဘာလ၅ရက်နေ့တွင်PSLF/TNLAထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိူမြို့နယ် မြောင်ဇီးရွာ၌ နိုဝင်ဘာလ (၄) ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ အနောက်ဘက်ခြမ်းရှိ ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်းဆိုထားသည်။
အလားတူ ယမန်နေ့၊ နံနက်ပိုင်း(၁၀)နာရီမှ (၁၁)နာရီခွဲထိ ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးအလုံးရေ (၂၀)လုံးကျော် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဆမ္မဆယ်ကျေးရွာရှိ ဒေသခံနေအိမ်(၄)လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟုTNLAကဆိုသည်။
ထို့အပြင် နိုဝင်ဘာလ(၃)ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ပြည်သူများကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာ ဒေသခံနေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂)ရက်နေ့တွင် နောင်ချိုမြို့နယ် ဘူတာရပ်ကွက်(၅) ကတ္တီပင်ဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၇)လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်းTNLAထုတ်ပြန်ချက်အရသိရသည်။
ပုံ-PSLF/TNLA
#PPV0012
#လူ့အခွင့်အရေး
#စစ်ရေး
#နောင်ချိူမြို့နယ်
#မြောင်ဇီးရွာ
#ဂျက်ဖိုက်တာဖြင့်ဗုံးကြဲချ
#PSLF/TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။