ခမ်းသားငေါဝ်း
နိုဝင်ဘာ ၅၊ ၂၀၂၄

ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် လိုက်စင်မဲ့ ယာဉ်များကို ဖမ်းဆီး အရေးယူနေပြီး အဖမ်းခံရပါက သိန်း ၅၀ အထက်ဖြင့်ပြန်ရွေးနေရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ လကုန်ပိုင်းမှ စတင် ၍ စည်းကမ်းမဲ့ မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော် ယာဉ် များနှင့်ဆိုင်ကယ်ဦးထုပ်မဆောင်းသည့်သူများကို ဖမ်းဆီးအရေးယူဆောင်ရွက်နေ သည်။

“ အခု လိုင်စင်မဲ့ ကားတွေ မစီးကြဖို့ ခင်တဲ့လူတွေက သတိပေးထားတယ်။ မိသွားရင် တစ်ထိုင်ထဲ ရှင်းရင် သိန်း ၂၀ လောက် ၊ ဒီရုံးကို ရောက်လာရင် သိန်း ၅၀ လောက် မှ ရတော့တယ်။ ၅၀ အောက် ကို မရှိဘူး။ အထက်ပဲ ရှိတယ်။ အဲ့ငွေက သုံးလေးလ လောက်ကို မနည်းပြန်ရှာရမယ့် ငွေတွေလေ ။ ဆိုင်ကယ်တွေတော့ မနည်းဘူး ဖမ်းထားတယ်။ ဦးထုပ် မဆောင်းလို့ ဖမ်းတာပါ။ ဆိုင်ကယ်က လိုင်စင်မစစ်ဘူးလို့ ရုံးက ပြောပါတယ်။ ”ဟု အမှတ်(၁၈) ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံး ရှေ့တွင် ကြုံတွေ့ခဲ့သူတစ်ဦးကပြော သည်။

ထိုသို့ ဖမ်းဆီးရမိသော လိုင်စင်မဲ့ မော်တော်ကားများကို စစ်တပ် အတွင်း မောင်းပို့ထားသည်ဟု သိရပြီး ၊ မော်တော်ဆိုင်ကယ်များကို အမှတ်(၁၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးတွင် ထားရှိကြောင်း သိရသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပရန် အတွက် ရန်ပုံငွေ လိုအပ်ချက်ကြောင့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူခြင်းဖြစ်ပြီး ၊ ဟိုတယ် လုပ်ငန်းရှင်များကိုလည်း ပွဲတော် အတွက် ငွေကြေး လိုက်လံ ကောက်ခံခြင်းများ ရှိကြောင်း စုံစမ်း သိရသည်။

ထို့ပြင် ရပ်ကွက်များအတွင်း မူးယစ်ဆေးစွဲ သူများကိုလည်း ဖမ်းဆီး၍ ငွေညှစ်၍ ပြန်လည် လွှတ်ပေးခြင်းများ ရှိနေကြောင်း ရွှေတောင် ရပ်ကွက် နေ ပြည်သူ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ရှိ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး တွင် မော်တော်ဆိုင်ကယ်များစွာကို ဖမ်းဆီးထားသည်ကို မြင်တွေ့ရပြီး ၊ ဆိုင်ကယ် ဦးထုပ် မဆောင်းသူများကို မြို့တွင်း လိုက်လံ ဖမ်းဆီးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးပွိုင့်များ ၊ လမ်းဆုံနေရာများ၊ လူစည်ကားရာ နေရာများတို့တွင် စစ်ဆေးဖမ်းဆီးခြင်းများ ဆောင်ရွက်နေသဖြင့် တောင်ကြီးမြို့တွင်း ယာဉ် အသွားအလာ နည်းပါးနေသည်မှာ ၂ ရက် ရှိပြီ ဖြစ်ကြောင်း သိရသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် မတိုင်ခင် ကာလ နိုဝင်ဘာလ (၁) ရက်မှ စတင်၍ နိုဝင်ဘာလ (၈) ရက် အထိ စည်းကမ်းမဲ့ မော်တော်ယာဉ်များ၊လိုင်စင်မဲ့ မော်တော်ယာဥ်များနှင့် မော်တော် ဆိုင်ကယ်များကို အဖွဲ့စုံဖြင့် စစ်ဆေးခြင်း ၊ ဖမ်းဆီးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြေပြင် သတင်းများ အရ ကြားသိရပါသည်။

ပုံစာ – ယာဥ်ထိန်းရုံးတွင် အဖမ်းခံရ ဆိုင်ကယ်များ။

photo credit

#PPV-006
#ယာဥ်ဖမ်းဆီး
#Taunggyi
#ငွေဒဏ်
#လိုင်စင်မဲ့ယာဥ်ဖမ်း

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed