ခမ်းသားငေါဝ်း
နိုဝင်ဘာ ၅၊ ၂၀၂၄
ညောင်ရွေမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာတွင် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ PNA တို့အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
” တိုက်ပွဲက ပြင်းထန်နေဆဲပဲ ၊ စစ်ကောင်စီဘက်က လေယာဥ်၊ဒရုန်းတွေနဲ့ကြဲတယ်၊ လွယ်လုံရွာမှာတိုက်ပွဲ ဖြစ်ပေမယ့် စစ်ကောင်စီက စန့်စွဲရွာတွေဘက်ထိ လေယာဥ်နဲ့ ဗုံးလာကြဲတာရှိတယ်” လို့ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အဆိုပါတိုက်ပွဲ အတွင်းတွင်လည်း စစ်ကောင်စီ နှင့် PNA ပြည်သူ့စစ်တို့က လွယ်လုံကျေးရွာသား လေဖြတ်နေသူ နှင့် သူငယ်ပြန်နေသူ အသက် ၆၀ ကျော်အမျိုးသား ၂ ဦးကိုလည်း ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ခဲ့ကြောင်း ၎င်း ကဆက်ပြောသည်။
ထို့အပြင် စစ်ကောင်စီ နှင့် PNA ပြည်သူ့စစ်တို့သည် လွယ်လုံကျေးရွာမှ ရိတ်သိမ်းရန်အသင့်ဖြစ်နေသော စပါး၊ပြောင်းများကိုလည်း နေ့စဥ်ခိုးယူ ရိတ်သိမ်းနေကြောင်းသိရသည်။
တိုက်ပွဲများကြောင့် လွယ်လုံကျေးရွာ နှင့် စန့်စွဲကျေးရွာရှိ ဒေသခံများ ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်းသိရသည်။
PPV003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#ဘန့်ပြင်ကျေးရွာအုပ်စု
#လွယ်လုံကျေးရွာ
#တော်လှန်ရေးတပ်ဖွဲ့များနှင့်
#စစ်ကောင်စီ
#PNA
#တိုက်ပွဲပြင်းထန်နေဆဲပဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။