ခမ်းသားငေါဝ်း
နိုဝင်ဘာ ၅၊ ၂၀၂၄

လားရှိုးမြို့နယ် မယ်ဟန်ရွာကို စစ်ကောင်စီမှ ယနေ့မနက်တွင် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် မယ်ဟန်ရွာကို ယနေ့ နံနက် (၁)နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် (၂)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ရွာကလူတချို့က ဗုံးကြောက်လို့ လားရှိုးမြို့ဘက် ရှောင်လာကြတာ ရှိတယ်။ အခြားနေရာ အဝေးကြီးလည်း မသွားနိုင်ကြဘူးလေ။ အကုန်လုံးက သောက ကိုယ်စီနဲ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုရှိပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။

“အသက်ကြီးတဲ့ မိဘရှိသူဆို တခြားမြို့မှာ ရပ်တည်ဖို့က မလွယ်ဘူး။မြို့မှာ နေပြန်တော့လည်း ဘာစီးပွားရေးမှ ရေရေရာရာ လုပ်လို့မရဘူး ဘယ်ချိန်ဗုံးလာကျဲမှန်း မသိ စိုးရိမ်စိတ်နဲ့ ‌လုပ်ကိုင်စားသောက်နေရတယ်” ဟု လားရှိုးမြို့ခံတစ်ဦးလည်း ခမ်းသားငေါဝ်းကို ပြောသည်။

လားရှိုးမြို့တွင် ယခုချိန်ထိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဆက်သွယ်လို့ ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၉)ရက်ကလည်း လားရှိုးမြို့ ရပ်ကွက်(၁၁) အောင်စေတနာလမ်းနှင့်သာသနာ၂၅၀၀ ကျောင်းကို စစ်ကောင်စီမှ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ယခုနှစ် ဩဂုတ်လမှစ၍ MNDAA ထိန်းချုပ်ထားသော ရှမ်းမြောက်ကို စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀ကျော် သေဆုံးမှု ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#MNDAA
#လားရှိုးမြို့နယ်
#မယ်ဟန်ရွာ
#လေကြောင်း
#ဗုံးကျဲတိုက်ခိုက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။