ခမ်းသားငေါဝ်း
နိုဝင်ဘာ ၄၊ ၂၀၂၄
ပတ်စ်စပိုစ့် လုပ်ပေးမည်ဟုဆိုပြီး တောင်ကြီးခေါ်၍ စလစ်အတုများ ထုတ်ပေးပြီး သိန်း ၂၀၀ လိမ်လည် သွားသဖြင့် နစ်နာသူများက အပူတပြင်း စုံစမ်းနေကြောင်း နစ်နာသူများထံမှ သိရသည်။
ပတ်စပိုစ့်များကို နယ်ကျော် လုပ်ပေးမည်ဆိုကာ တစ်ဦးလျှင် (၈) ခွဲ သိန်းနှုန်းဖြင့် (၂၅) ယောက် စာ သိန်းပေါင်း (၂၀၀) ကျော် ကို လိမ်လည်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“ပတ်စပိုစ့် တွေကို နယ်ကျော် လုပ်ပေးတယ်ဆိုပြီးတော့ QR တွေ ထုတ်ပေးပြီး တစ်ယောက်ကို ၈ သိန်း ခွဲ နှုန်း နဲ့ ၂၅ ယောက်စာကိုလုပ်သွားတယ်။ အမ သူငယ်ချင်း ၂ ယောက် က သိန်း ၃၀ ၊ လိမ်စားတဲ့လူ ဘယ် အထိပုန်းနိုင်မလဲ။ နေပြည်တော် အထိ ဖမ်း၀ရမ်း ထုတ်ထားတယ်။ တွေ့တဲ့နေရာ ဖမ်းမှာပဲ ” ဟု နစ်နာသူ တစ်ဦးက ပြောသည်။
တောင်ကြီးမြို့တွင် နိုင်ငံကူး လက်မှတ် လျှောက် ထားရာတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးသော ရုံးတွင် တစ်ဦးကို ငွေကျပ် ၆ သိန်း အထိ ပေါက်စျေး ရှိကြောင်း စုံစမ်းသိရသည်။
ထိုရုံးတွင် ပွဲစားတစ်ဦးက ချုပ်ကိုင်ထားပြီး ၊ အမြန် လိုချင်လျှင် ပွဲစားဖြင့် တောင်းစျေးကိုပေးရပြီး ပတ်စပိုစ့်ရုံးနှင့် ပွဲစားများ ပူးပေါင်း၍ ပေါ်ပေါ်တင်တင် လုပ်စားလာသည်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်သပြီး နောက်ပိုင်းတွင် ဖြစ်ပြီး၊ အွန်လိုင်းစနစ် ဘိုကင် ကြော်ငြာပြီးချိန် နောက်ပိုင်း ပိုဆိုးလာနေကြောင်း ယခုနှစ် နောက်ပိုင်း တောင်းငွေ ပိုမို များလာကြောင်း ကြားသိရသည်။
ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း ၊ နယ်မြေ အေးချမ်းမှုမရှိခြင်းနှင့် စစ်မှုထမ်း ဥပဒေ များကြောင့် ပြည်တွင်းစွန့်ခွာ၍ ပြည်ပထွက်ခွာလိုသူ လူငယ်ပိုမိုများပြားလာပြီး နည်းလမ်းမျိုးစုံဖြင့် ပြည်ပ ထွက်ခွာ၍ အလုပ်လုပ် ကိုင်သူ ဦးရေ များပြားလာခြင်းကြောက့် လည်း ဖြစ်ပါသည်။
ပုံစာ လိမ်လည်သွားသူ
#PPV-006
#social
#လိမ်လည်ခံရ
#passport
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။