ခမ်းသားငေါဝ်း
နိုဝင်ဘာ ၃၊ ၂၀၂၄

အင်းလေးကန် အနောက်ဘက်ခြမ်း ကနုရွာ နှင့် ကန်လှ ကျေးရွာ တို့တွင် နိုဝင်ဘာလ ၂ ရက် ညနေပိုင်း လေပြင်းတိုက်ခတ်ခြင်းကြောင့် နေအိမ် အနည်းငယ် ပျက်စီးခဲ့ကြောင်း ဒေသခံ ထံမှသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်ခြမ်း ရွာသာကျေးရွာအုပ်စုရှိ ကနုရွာနှင့်ကန်လှ ကျေးရွာတို့တွင် နိုဝင်ဘာလ (၂) ရက် ညနေပိုင်း (၄) နာရီခွဲ အချိန်ခန့်က လေပြင်း တိုက်ခတ်ခြင်းကြောင့် နေအိမ် အနည်းငယ် ထိခိုက် ပျက်စီးခဲ့ရ ကြောင်း စုံစမ်း သိရသည်။

“မနေ့ညနေ ပိုင်း ၄ နာရီခွဲ လောက်မှာ လေပြင်းတိုက်လို့ နေအိမ်တွေ ပျက်စီးကုန်တယ်။ အရင်ကရေဘေး သင့်လို့ ဒုက္ခရောက်တာ တမျိုး၊ အခု လေပြင်းတိုက် လို့ နေအိမ်တွေပျက်တာ အရမ်းကို ခက်ခဲတယ်။ အိမ်တွေပျက်သွားတာ လူတွေလဲပါသွားတယ်။ ထိခိုက် ဒဏ်ရာ ရတဲ့လူလည်း ရှိကြတယ်။ အိမ်တွေ လုံးလုံး ပျက်စီးသွားတာတော့ ပြန်ပြင်ဖို့မလွယ်တော့ဘူး။ ပြန်ဆောက်မှ ရတော့မယ်။ အိမ်ခေါင်မိုး လန် သွားတာ ကိုတော့ အသစ်ပြန်ဆောက်ပြန်ပြင်နေကြတယ် ရှင့်။” ဟု ကန်လှ ကျေးရွာမှ အမျိုးသမီး တစ်ဦးကပြော သည်။

ထိုဒေသတွင် ရေဘေးသင့်ကတည်းကအကူညီလိုအပ်နေပြီး လေပြင်းဒဏ်ကြောင့် စားနပ်ရိက္ခာ နှင့်ရေသန့်လိုအပ်နေသေးကြောင်းသိရသည်။

လေပြင်းတိုက်ခတ် မှုကြောင့်ကန်လှ ကျေးရွာတွင် တဲအိမ် ၅ လုံး ပျက်စီး၍ နေအိမ် ၂ လုံး အမိုးလန် ပျက်စီးပြီး ကနု ကျေးရွာတွင်လည်း နေအိမ် (၈) လုံး ထက် မနည်း ထိခိုက်မှု ရှိကြောင်း သိရသည်။

အင်းလေးကန်တွင် စက်တင်ဘာလအတွင်း ရေဘေးသင့်ခြင်းကြောင့် မကြုံစဖူး နေအိမ်များ ရေနစ်ခြင်း၊ စိုက်ခင်းများ ပျက်စီးခြင်း တို့ကြောင့် လူမှုဘ၀များစွာ ထိခိုက်နစ်နာမှု ရှိကြောင်း သိရသည်။

photo local
#PPV-006
#အင်းလေး
#သဘာဝဘေး
#ညောင်ရွှေ
#လေပြင်းတိုက်ခတ်

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *