ခမ်းသားငေါဝ်း
နိုဝင်ဘာ ၃၊၂၀၂၄

တောင်ကြီးမြို့ ရွှေဘုန်းပွင့် ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာ တောင်ပေါ် တက်လမ်း ကို ကုမ္ပဏီများနှင့် စည်ပင်ဌာန ပူးပေါင်းဆောင်ရွက်ရာ ငွေကျပ် ၂ ဒဿမ ၆ ဘီလီယံ ကျော် ဖြင့် ပြုပြင်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားအတက်လမ်း (ဆေးတက္ကသိုလ်ဘက်မှ စ၍ ရွှေဘုန်းပွင့်ဘုရားအထိ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကို ကုန်ကျစရိတ် စုစုပေါင်း သန်းပေါင်း ၂၆၃၆ ကျော် ရှိကြောင်း သိရသည်။

“ရွှေဘုန်းပွင့် တောင်ပေါ် အတက်လမ်း ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ အစောပိုင်းက လမ်းအချောသတ် လုပ်ငန်းစဉ်တွေပြီးစီးလို့ အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ပြီ”လို့ စည်ပင်သာယာရေးကော်မတီ နီးစပ်သူကပြောသည်။

စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သောလုပ်ငန်း များသည် ပထမ တစ်မိုင်နှင့် ဒုတိယတစ်မိုင် အတွက် ထောက်ပံ့ကတ္တရာ (၅ ဒဿမ ၄၆ တန်) ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၈၂၆ ဒဿမ ၉၀၀ သန်း ရှိကြောင်း သိရသည်။

အလှူရှင်များမှ လှူဒါန်းသည့် လုပ်ငန်းများမှာ စိန်နှင်းဆီ သတ္တုတူးဖော်ရေးကုမ္ပဏီ လီမိတက် ၊ Royal Garden Power ကုမ္ပဏီ လီမိတက်၊ ရွှေဘုန်းပွင့် ဘုရား ဂေါပက အဖွဲ့ တို့မှ ထောက်ပံ့ကတ္တရာ (၁၉၄ ဒဿမ ၄၃ တန်) ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၀၆၅ ဒဿမ ၁၂၇ သန်း ရှိကြောင်း သိရသည်။

တင်ဒါစနစ်ဖြင့် 93 Ideal Co Ltd ဆောင်ရွက်သည့် Lot 3 ခုမှာ သံကူကွန်ကရစ် မြေထိန်းနံရံ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၃၀၃ ဒဿမ ၃၀၀ ရှိ​ပြီးလုပ်ငန်းစဉ် ၄ အတွက် ထောက်ပံ့ကတ္တရာ ၁၉၉ ဒဿမ ၈၉ တန် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၄၃၉ ဒဿမ ၇၅၈ သန်း ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ် ၄ ခု အတွက် ကုန်ကျစရိတ် စုစုပေါင်း သန်းပေါင်း ၂၆၃၆ ဒဿမ ၀၈၅ ကျော် ရှိကြောင်း သိရသည်။

တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားအတက်လမ်း ကို အဆင့်မှီလမ်းအဖြစ် Express အဝေးပြေး မော်တော်ယာဉ်ကြီးများ တက်ရောက် ဖူးမျှော်နိုင်ရန် အတွက် ရည်ရွယ်၍ လမ်းသစ်ဆောက်လုပ် လှူဒါန်းပေးခြင်း ဖြစ်ကြောင်း အလှူရှင်တစ်ဦးဖြစ်သော လွိုင်ခမ်း အိမ်ယာ ကုမ္ပဏီမှလည်းအသိပေးထားသည်ကို မြင်ရသည်။

ယခင် က တောင်တက်လမ်း ကျဉ်းမြောင်းသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကြီးကြပ်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာန နှင့် အလှူရှင် စိန်နှင်းဆီ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် ပူးပေါင်း၍ ၂၄ ပေ အကျယ် နိုင်လွန် ကတ္တရာလမ်း ကို အဆင့်မြှင့်တင် လမ်းပြုပြင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

#PPV-006
#Taunggyi
#လမ်း
#ရွှေဘုန်းပွင့်

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed