ခမ်းသားငေါဝ်း
နိုဝင်ဘာ ၃၊ ၂၀၂၄

ရှမ်း​ပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ တန် ဆောင်တိုင် မီးပုံးပျံပွဲတော် ဆိုင်ခန်းများ စျေးမြင့်တက်နေသဖြင့် ပျံကျစျေးသည်များ ခက်ခဲနေကြောင်း စားသောက်ဆိုင်ထံမှသိရသည်။

‘’ အရင်းအနှီး ၁၀ သိန်းလောက် ရှိတာအခု သစ်ပင်အောက် ဖွင့်တာတောင် ၅ သိန်းလောက် ကုန်သွားပြီ။ ဆိုင်ခန်းခ တစ်ခန်းကို ၁၀ သိန်းကျော်တယ် ပြောတယ်။ ပေ ၂၀ အကျယ် ဆိုရင် ၁၅ သိန်း လောက် ကျနိုင်တယ်။ အဲဒါ လမ်းဘေးမှာပဲ ပျံကျ လိုက်ရောင်းရင် ကောင်းမလားမသိဘူး။ တချို့ နေရာတွေဆိုရင် သိန်း ၃၀ လောက် ရှိတယ်“ဟု သစ်ပင်အောက်တွင် စားသောက်စရာရောင်းချသော ဆိုင် တစ်ဆိုင်က ဆိုသည်။

နိုဝင်ဘာလ (၁) ရက်မှ စတင်၍ အဝေရာမီးပုံးပျံကွင်း သွားလမ်း တစ်လျှောက်တွင် စျေးဆိုင်ခန်းများ ဖြင့် ရောင်းချနေကြပြီး ၊ကလေးကစား ကွင်း အရုပ်များ ကိုလည်း စတင် ပြင်ဆင်နေကြသည်ကိုလည်း မြင်တွေ့ရသည်။

တောင်ကြီး အဝေရာ မီးပုံးပျံ သွားလမ်း တစ်လျှောက် အဝင်လမ်း ဧရာ၀တီလမ်းဆုံမှ ဝင်ဝင်ချင်း ဆိုင်ခန်း အမှတ် (၁) မှ အမှတ်(၃၉) အထိ ဆိုင်ခန်းများ တစ်ခန်းလျှင် (၄) သိန်းနှုန်း ၊ ဆိုင်ခန်း ၄၀ မှ ၇၉ အထိ ဆိုင်ခန်းများ တစ်ခန်းလျှင် (၅) သိန်း နှုန်း ၊ အမှတ် (၈၀) မှ (၁၁၉) အထိ ဆိုင်ခန်းများ တစ်ခန်းလျှင် (၇) သိန်း၊ ပွဲခင်းနားရောက်လေလေ စျေးတက်လေ ဖြစ်ကာ ၊ တစ်ခန်းလျှင် (၈) သိန်း ၊ (၉) သိန်း ၊ (၁၁) သိန်း အထိ စျေး အစားစား ရှိကြောင်း သိရသည်။

မုဒ်ဦး အနီးရှိ သစ်ပင်အောက်တွင် ဆိုင်ခန်းတစ်ခန်းလျှင် (၁၂) သိန်း အထိ စျေးရှိကြောင်း ဆိုင်ခန်း ရောင်းချသော လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ ထံမှ သိရသည်။

ထို့ပြင် ကွင်းအတွင်း မျက်နှာစာ ၁၀ ပေကျော် ၊ အရှည် ၂၅ ပေ ရှိသော ဆိုင်ခန်း တစ်ခန်းလျှင် ငွေကျပ် သိန်း (၂၀) ပေါက်စျေး ရှိကြောင်း၊ အတွင်းခန်းရှိ ပွဲစျေးခန်း ဆိုင်များရက်ပိုင်းအတွင်းကုန်မည် ဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းငှားရမ်းသူများသည် နိုဝင်ဘာလအစမှ စတင် ရောင်းချရသဖြင့် နိုဝင်ဘာလ ၁၆ ရက် အထိ ရောင်းချမည့်ရက် ပိုများမှသာ တွက်ခြေကိုက်နိုင်ပြီး ရက်ရှည်ရှည် ရောင်းချနိုင်ရန် နိုဝင်ဘာလအစောပိုင်းတွင် ကြိုးစားရောင်းနေခြင်းဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်းသူများက ဆိုသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကိုစစ်ကောင်စီက လာမည့် နိုဝင်ဘာလ (၉) ရက်မှ (၁၅)ရက် အထိ (၇) ရက် တိုင်တိုင်စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရ သည်။

photo Khamsarngor

#PPV-006
#တန်ဆောင်တိုင်
#Taunggyi
#ဆိုင်ခန်း
#စျေးမြင့်
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။