ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊ ၂၀၂၄
ရှမ်း-ကရင်နီ နယ်စပ် ကံဆန်းကျေးရွာသို့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့် စစ်ကြောင်းထိုးရောက်ရှိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပါတ်အတွင်း စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်စစ်ကြောင်းထိုး ရောက်ရှိလာခြင်းဖြစ် သည်။
” သူတို့က ကရင်နီဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးမယ်ထင်တယ်၊ အင်အားလာဖြည့်တာ ဖြစ်မယ်၊ ဖယ်ခုံ၊ ဆီဆိုင် ဘက်ကသူတို့ စစ်ကြောင်းထိုးဝင်ဖို့ခက်လို့ ဒီဖက်က လာတာဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီတပ်သားများသည် ရွာအနီးတစ်ဝှိုက်တွင် စောင့်ကင်းများထားရှိနေကြောင်း၊ ရွာထဲဝင်ပြီး အကြမ်းဖက်မှုများပြုလုပ်လာမည်ကိုဒေသခံများ စိုးရိမ်ကြောင်း ၎င်း ကဆက်ပြောသည်။
ကံဆန်းကျေးရွာသည် စစ်ကောင်စီနှင့် အပစ်ခတ်ရပ်စဲထားသောကယန်းပြည်သစ်အဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း ထိုလမ်းကြောင်းကိုအသုံးပြုပြီး စစ်ကောင်စီတပ်သားများ ကရင်နီသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ဖူးသည်။
photo local
#PPV 003
#စစ်ကြောင်းထိုး
#ရှမ်းကရင်နီနယ်စပ်
#ကံဆန်းရွာ
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။